ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တေးထားတာနော်

တေးထားတာနော်

သား . . . ကျွန်တော်မင်္ဂလာဆောင်ရင် အဖေ့ကို မဖိတ်ဘူး ။

အဖေ . . . ဘာဖြစ်လို့တုန်းကွ ??? ၊

သား . . . အဖေ မင်္ဂလာဆောင်တုန်းက ကျွန်တော့်ကို မဖိတ်ဘူးလေ။

(ဘလော့မှ ညီအကိုမောင်နှမများ မင်္ဂလာဆောင်ရင် ..မဖိတ်ပဲ မနေပါနဲ့နော် )

အချောင်ပွတာပဲ

လူတစ်ယောက်ဟာ ရဲစခန်းထဲဝင်လာပြီး တာဝန်ကျ ရဲဝန်ထမ်းရဲ့ရှေ့မှာ ကြောင်အသေတစ်ကောင် ဘုန်းကနဲက ပစ်ချလိုက်ပါတယ်.. . . .

လူငယ်. . . . . . ဒါကြီးကျွန်တော့်အိမ်ရှေ့မှာ ဒါကြီး ဘယ်သူလာပစ်သွားလည်းမသိဘူးဗျာ. . .

ရဲဝန်ထမ်း . . . . . ကောင်းပြီလေ ခင်ဗျားနာမည်နဲ့ လိပ်စာသာပြောပါ. . . အဲ သုံးလကြာလို့မှ ပိုင်ရှင် မပေါ်ဘူးဆိုရင် ခင်ဗျားပိုင်ပြီလို့မှတ်လိုက်.

အားလုံးပျော်ရွှင်ပါစေ
P.S (Connection ကောင်းတုန်းလေးကို ဖတ်ထားတဲ့ ဟာသလေးကို အမြန်တင်လိုက်တာပါ.)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

6 comments:

  1. ကြို ဖိတ်ထားတယ် ဗျို့ ...။အနားနီးလို့ မေ့သွားရင်တော့ မသိဘူး..။
    ဒါပေမယ့်နီး ပါပြီ...။ဖိတ်စာတောင် တစ် ၀က်ရိုက်ပြီးသွားပြီ...။

    ကျွန်တော့ဘက်က တော့ သေချာနေပြီ...။ ဟိုဘက်မှတော့ ယောက်ခ မ လောင်း တွေ က ခု မှ မင်္ဂလာဆောင် မလို့ ကြံတုန်း...။

    :a:

    ReplyDelete
  2. (ပန်းကဗျာ)ရဲ့ ဖိတ်စာက လှသား။
    (ကိုမောင်ငရ်) အာရွှီး၊ ရုံဘူး။

    ReplyDelete
  3. တစ်ခါတည်းဖိတ်လိုက်မယ်ဗျို့.. လာခဲ့နော်..ဒီလထဲပဲ သင်္ကြန်ပြီးပေါ့.. ဧပြီ 31 မှာ မေ့မနေနဲ့နော်..

    ReplyDelete
  4. အဟစ်ဟစ်ဟစ် ဖိတ်မယ်မပူနဲ့ လာမယ်ကြာမယ် လောလောဆယ်
    တော့ သတို့သမီးရှာမတွေပသေးလို့ဗျို့ ။

    ReplyDelete
  5. ၇ီစ၇ာလေး အားပေးသွားတယ်
    အမောပြေစေတာကြောင့် ကျေးဇူးတင်တယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။