ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဒေါက်ဖိနပ်စီးသူများအတွက်

ခုခေတ်မှာ ဒေါက်ဖိနပ်စီးသူတွေက ရိုးရိုးဖိနပ် စီးသူတွေထက် များပြားလှပါတယ်. . . . အလှအပပစ္စည်းများ ဟာ လည်း နေ့ချင်းညချင်း တိုးတက်လာသလို အလှအပကို ရှာဖွေပြီး လှပအောင် နေလာသူတွေလည်း များလှပါတယ်. .. ဒေါက်ဖိနပ်မြင့်မြင့်စီးတဲ့ မိန်းမပျိုများကို နောက်ပြောင်ကျီစယ်မိလိုက်ရင် "ဒေါက်ဖိနပ်စာမိမယ်" လို့ အရင်က ခေတ်တစ်ခေတ်ရှိပေမယ့် ခုခေတ်မှာတော့ အမျိုးသားရော( High Heeled Shoe) ၊ အမျိုးသမီးတွေပါ ဒေါက်ဖိနပ် တွေကို စီးနေကြပါပြီ. ဒေါက်ဖိနပ်စီးရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ကောင်းကျိုး ၊ ဆိုးကျိုးတွေရဲ့ အမေးအဖြေလေးတွေကို ဖော်ပြချင်ပါတယ်ရှင်. . . .


ဒေါက်ဖိနပ်စီးရင် ဘာတွေဖြစ်နိုင်လဲ???. . . .
ဒေါက်ဖိနပ်စီးတဲ့လူတွေဟာ လမ်းလျှောက်ရင် ယိုင်လဲတတ်ပါတယ်. . . ခြေလှမ်းကျဲကျဲ လှမ်းလို့မရသလို (ရေအိုင်၊ ဗွက်အိုင်)များကို ကျော်ခွဖို့ခက်ပါတယ်. . . အရေးအကြောင်းရှိရင် ပြေးရမယ်ဆိုရင် လည်း မလွယ်ပါဘူး. . . နေလောင်ထားတဲ့ ကတ္တရာလမ်းတွေပေါ်မှာ လမ်းလျှောက်ရင်လည်း ဒေါက်ဖိနပ်က နစ်ကျန်ရစ်ခဲ့အုံးမှာပါ. . . . ကော်ဇောတွေပေါ်လျှောက်ရင် တော့ ကော်ဇောတွေပေါက်ပြဲကုန်မှာပါ. . .

ဒေါက်ဖိနပ်စီးတဲ့ အတွက် ကျန်းမာရေး ထိခိုက်နိုင်ပါသလား ?
ဒေါက်ဖိနပ်စီးတဲ့ အခါ ခြေချောင်းလေးတွေ ကြပ်သိပ်နေတဲ့အတွက် ဖိနပ်ပေါက်ပြီး မီးလောင်ဖုလေးတွေလည်း ဖြစ်တတ်ပါတယ် . . ဘောဒီဝိတ်ဟာ ခြေဖ၀ါးဦးပိုင်းကို ကျရောက်နေလို့ ခြေဖ၀ါးမာတာ တွေ၊ ဖ၀ါးမှာ အသားမာတက်လာ နိုင်သလို ခြေမအရင်းကြီးထွားလာပြီး ခြေချောင်းလေးတွေဖက်ကို ကပ်သွားတဲ့ ခြေဖ၀ါးပုံ ပျက်ပန်းပျက်တာတွေ ဖြစ်လာနိုင်ပါတယ် . . . ခြေသကြွယ်နဲ့ ခြေခလယ်ကြားမှာ တစ်သျှူးအာရုံကြော တွေမာတောင့်လာတဲ အဖုကြီးတွေလည်း ပေါ်လာတတ်ပါတယ်. . ခြောက်လလောက် ဒေါက်ဖိနပ်ကို တောက်လျှောက် စီးလာရင်တော့ ခြေမျက်စိတွေတောာင့်တင်းတဲ့ (Angle Sprain) တွေဖြစ်လာနိုင်ပါတယ်. . .
ခြေချောင်းလေးတွေကလည်း တူပုံသဏ္ဖ္ထန် ကိုပြောင်းသွားနိုင်ပါတယ်. . . ဒူးခေါင်းအပေါ်မှာ ဘော်ဒီဝိတ် တစ်ချို့ကိုလွှဲထားပေးလိုက်ရ တဲ့အတွက် ကြာရှည်ဒေါက်ဖိနပ်စီးသူတွေမျာ ဒူးဆစ်စားတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်. . .ဘော်ဒီဝိတ်အရှေ့ကို အားစိုက်ကျနေလို့ ခါးကို နောက်ကော့ပေးထားရပြန်ပါတယ် ကြာရင် ခါးနာလာပါတယ်. . . ဒါ့အပြင် ခေါင်းကိုက်တာ၊ ခြေထောက်သွေးကြောပိတ်တာတွေဖြစ် လာတတ်ပါတယ်. . . . အဆိုးဆိုးကတော့ ဖနောင့်အရွတ်ကြီး နဲ့ ခြေသလုံးကြွက်သားတွေကို တိုတောင်းသွားစေ တာပါပဲ ဒီအရွတ်ကြီး ၀င်သွားပြီဆိုရင် ဖနောင့်တွေ အမြဲနာနေတော့မှာပါ. . . ရိုးရိုးဖိနပ်ကို ဘယ်လိုပဲပြောင်း စီးစီး ဂွင်မကျတော့ပါဘူး. . . .

ဒေါက်ဖိနပ်ကို ဘယ်လောက်မြင့်မြင့်စီးသင့်ပါသလဲ ???
ကျန်းမာရေး ရှူဒေါင့်အရ ဒေါက်ဖိနပ်ကို ၂လက်မဒေါက်ကို တစ်နေ့ နှစ်သုံးနာရီထက်ပိုမစီးသင့်ဘူး လို့ဆိုပါတယ်. . ..

ဒေါက်ဖိနပ်စီးလို့ အကျိုးရှိပုံများ. . .
အမျိုးသမီးများ ဟာ ကလေးမွေးလိုက်တဲ့အခါမှာ တင်ပုဆုံရိုးထဲက ကြွက်သားတွေ လျော့ရွဲကုန်တတ်ပါတယ် . .. ဒီကြွက်သားတွေ ပြန်လည်သန်မာလာဖို့ အတွက်လေ့ကျင့်ခန်းများ လုပ်ပေးရပါတယ်. . . .အဲလိုလုပ်တဲ့ အခါမှာ လေ့ကျင့်ခန်းလုပ်ရခက်သူတွေကို နှစ်လက်မဒေါက်ဖိနပ် တွေစီးပြီး လမ်းလျှောက်ခိုင်းပါသတဲ့. . . . လို့ ဖော်ပြထားပါတယ်. . .

ဒေါက်တာမြင့်ဦး (Beauty Magazin)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

7 comments:

  1. ကြိုက်သွား ပြီ...။ ဒီစာ ကို ပြောပါတယ်..။

    ကျွန်တော် အမြင်ကပ်နေတဲ့သူ တစ်ယောက်ရှိတယ်..။
    ကော်ပီကူးပြီး ပို့ လိုက်ဦးမယ်...။

    ကူးတယ်နော်...။

    မမ အ ပျို ကြီး

    :P

    ReplyDelete
  2. ခဏတဖြုတ်တော့စီးရမှ ဖြစ်မယ် ပိုလှသွားတယ်။

    ReplyDelete
  3. မှတ်သားစရာပဲနော် .. ကြာကြာမစီးနိုင်ဘူး .. ဇက်ကြောတက်လို့ .. :D

    ReplyDelete
  4. ကြယ်ပြာMarch 30, 2009 at 9:51 AM

    ပို့စ်လေးက ဗဟုသုတရစေပါတယ် ...
    ဒေါက်ဖိနပ်စီးရင် ခေါင်းကိုက်လို့ သိပ်မစီးဖြစ်ဘူး ... များသောအားဖြင့် အပါးလေးတွေနဲ့ ခပ်ယောင်ယောင်လေးပဲမြင့်တဲ့ဒေါက်ဖိနပ်တွေပဲစီးတယ် ....

    ReplyDelete
  5. သားသားတို့အတွက်လည်း ဟုတ်ဘူး .. ..
    ဘာဖြစ်ဖြစ် ဒေါက်ဖိနပ်နဲ့ဆို ကြည့်ကောင်းတာတော့ အမှန်ပါပဲ။
    မမတွေကျန်းမာရေးက ဒုတိယ၊ လှတပတဖြစ်ဖို့က ပထမ ပါ။
    ဒါကြောင့် ဆိုးချင်ဆိုး ကောင်းချင်ကောင်း ၀တ်မှာပါပဲ။
    ကောင်းကျိုးများလာပီဆိုတော့ ပိုဝတ်ကြမယ်ထင်ပါတယ်။

    ReplyDelete
  6. ဘယ်သူတွေ ဘာပြောပြော တို့တော့ ဒေါက်ဒေါက်ပဲ စီးချင်တယ်။
    စီးလိုက် မစီးလိုက်ဆို ခြေချောင်းလေးတွေနာတယ်
    အမြဲစီးနေရင် အိုကေတယ်။
    ရှယ်ပေးလို့ ကျေးဇူးနော်။

    ReplyDelete
  7. ခြေသလုံးမှာ အစိမ်းရောင်အကြောလေးတွေ ထောင်လာတာလည်း ထည့်ပြောအုံးလေ။ စကတ်သာဝတ်လို့ ကတော့ ကြည့်ရတော်တော်ဆိုးတာ။ ဒါမျိုးက အသက်ငယ်တုန်း ဘာမှ မဖြစ်ပေမယ့် အသက်ကြီးတော့မှ ခံရတာမျိုးလေ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။