ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ

- The disabled and extreme poverty,
- the long-term infirm,
- the foolish who knows not what is good or bad,
- the one who owes others enormously,
- the one who has to serve the king closely, may be considered lifeless thought alive.

ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်းတတ်ပေ၏။

The nature of the wise -
- A voids imminent danger when he sees it.
- Courageously unravels the danger befall.

- လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး အမြတ်ဆုံးဖြစ်၏။

- Weighty is a stone umbrella.
- Weightier still are the words of elders.
- Weightiest and noblest of them all are the words of Buddha.

အားလုံးကိုချစ်ခင်လေးစားလျှက်
ပန်းကဗျာ

9 comments:

  1. မှတ်သားထိုက်သည်မို့ မှတ်သားထားလိုက်ပါသည် ခင်ဗျား

    ReplyDelete
  2. အသက်ရှင်လျက်သေသူ ငါးမျိုးကို ဖတ်ပြီး သံဝေဂတွေ ရမိပါတယ်။ စုစည်းဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး ပန်းကဗျာရေ...

    ReplyDelete
  3. နောက်နေ့ ကျရင် လောကနီတီ တွေအကုန် လာကူးဦးမယ်...။
    ရတယ်ဟုတ်..။

    ReplyDelete
  4. မှတ်သားအပ်တဲ့ လောကနီတိတွေ ဖတ်သွားတယ်။ စောဒက တက်စရာရှိပေမယ့် အများကလက်ခံထားတဲ့ နီတိတွေဆိုတော့ ပြောတော့ပါဘူး (သိတာ မဟုတ်ပါဘူး လေထွားတာ)

    ReplyDelete
  5. ပန်းကဗျာရေ
    မှတ်သားစရာတွေ မှတ်သားသွားပါတယ်။

    ကျေးဇူးပါ။ မျှဝေတဲ့အတွက်။

    ReplyDelete
  6. အားလုံး မှတ်သားထိုက်တာတွေ ချည်းပါပဲ။ ပညာရှိတို့ သဘောကိုတော့ တော်တော် နှစ်သက်မိတယ်ဗျာ။ အရင်က ကြားဖူးနားဝ ရှိတယ် ဆိုပေမယ့် ပြန်ဖတ်တော့ အားအင်သစ် တစ်ခု ရလာသလိုပဲ။ ကျေးဇူးပါပဲ မပန်းကဗျာ။ ဆက်လက် မျှဝေနိုင်ပါစေ။

    ReplyDelete
  7. မှတ်သားသွားပါတယ်။

    ReplyDelete
  8. မှတ်သားသွားတယ်နော်

    ReplyDelete
  9. "မရှိပညာ ဤလူ.ရွာ၌
    ကျမ်းစာနီတိ၊ တက်မသိက
    မျက်စိစုံကန်း၊ လူဖြစ်ဆန်းမျှ
    ပေါက်ပန်းပမာ၊ ဖြစ်တို.ရာ၏" လို. မဃဒေ၀လင်္ကာသစ်မှာ မန်လည်ဆရာတော်က မိန်.ဆိုပါတယ်၊ အခုလိုဖော်ပြပေးတာ စာဖတ်သူများကိုယ်စား အထူးကျေးဇူးတင်ပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။