ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကြမ်း - ၉ - ကြမ်း

အချို့သောသူများ၌ ဥစ္စာရှိ၏ . . . အဆောင်အယောင်ရှိ၏. . . သို့သော် အနေအထိုင်မတတ်၊ ကြမ်း - ၉ - ကြမ်းကြောင့် လူရာမ၀င်သလိုဖြစ်နေသည် . .

အချို့သောသူများ၌ ဥစ္စာရှိ၏ . . . ကျောင်းပညာ၊ အတတ်ပညာ၊ လက်မှုပညာတတ်ပါလျက်နှင့် သတိမပြုမိသော ကြမ်း - ၉ - ကြမ်းကြောင့် လူအထင်အမြင်အသေးခံရ၏ . . .

အချို့သောမိန်းကလေးများ ရုပ်ရည်လှပပါလျက် . .ကြမ်း - ၉ - ကြမ်းကြောင့် ရုပ်ကလေးသနားကမားနဲ့ လူက အောက်တန်းကျလိုက်တာ ဟု ပြောဆိုခံရတတ်၏ . .

"နာမည်ဆိုးရမည်ကိ သေရမည်ထက်ကြောက်ပါ "ဟူသော အီဂျစ်စကားပုံရှိသည်. . .
တန်ဖိုးမဲ့သော ၊ လူအထင်သေးခံရသော ၊ နာမည်ဆိုးရသော ကြမ်း - ၉ ကြမ်းမှာ . .

၁. ပလုတ်ပလောင်း ပါးဖြဲနားဖြဲနားဖြဲ စားသော အစားကြမ်း ၊
၂. ဒူးထောင်ပေါင်ကားအိပ်သော အအိပ်ကြမ်း၊
၃. ခြေနင်းပြင်း၍ ဟိုယိုင်သည်ယိုင်သွားသော အသွားကြမ်း၊
၎. ပေပေရေရေထိုင်သော အထိုင်ကြမ်း၊
၅. လက်ခုပ်လက်ဝါးတီး၍ အော်ကျယ်ဟစ်ကျယ် ရယ်သော အရယ်ကြမ်း၊
၆. အရိုအသေမထားသော ကိုယ်ကြမ်း
၇. ဆဲရေးတိုင်းထွာပြောသော နှုတ်ကြမ်း
၈. အမှုနှင့်မလိုက်အောင် ရိုက်နှက်ဆုံးမသော အဆုံးအမကြမ်း၊
၉. သူတစ်ပါးအား ထစ်ခနဲ့ရှိလျှင် စိတ်လိုက်မာန်ပါ မကောင်းကြံတတ်သာ စိတ်ကြမ်း။

သုတမရှာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ အကျင့်မြတ်ကွာ၊ဤ ငါးဖြာ အမှန်ရိုင်းစိုင်းကြောင်း ဆိုသကဲ့သို့ ကြမ်း - ၉ - ကြမ်းသည်လည်း ရိုင်းစိုင်းကြောင်း အမှန်ပင်ဖြစ်၏ ....

သုတေသီဘုန်းမြင့်သွေး(ဘ၀တန်ဖိုး အမှန်တိုးအောင် )
မှထုတ်နှုတ်တင်ပြလိုက်ပါသည်...

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

7 comments:

  1. နံပါတ် တစ် အချက်ကို တခါတလေ လုပ်မိပါကြောင်း..။ နံပါတ် ကိုး အချက်ကို ပြုမိမှာကို အကြောက်ဆုံးပဲ.။ တတ်နိုင်သမျှ ရှောင်ကြဉ်ရပေမည်။ မျှဝေပေးတာ ကျေးဇူးပါပဲ။ သတိထား နေထိုင်သွားပါမယ်။

    ReplyDelete
  2. သိပ်တန်ဖိုးရှိပါတယ်။ ဆက်လက် မျှဝေပေးဖို့ မျှော်လင့်ပါတယ်။

    ReplyDelete
  3. တန်ဖိုးရှိတဲ့ မှတ်သားစရာလေးတွေကို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ ဘာကြမ်းရှိသလဲ မှန်းစမ်း... :P ဘာကြမ်းမှ မရှိဘူးထင်တာပဲ။ ဟီးဟီး.. ဒါ.. အကြွားကြမ်းပေါ့နော်.. :P

    ReplyDelete
  4. မှတ်သားစရာပါပဲဗျာ။ ဖတ်မှတ်သွားပါတယ်ဗျို့

    ReplyDelete
  5. အရမ်းကောင်းတာပဲ .. ဖတ်မှတ်သွားပါတယ် ..း)

    ReplyDelete
  6. တော်သေးတယ်
    တစ်ခုမှ မဟုတ်လို့ (ဖော့ဖော့လေး တွေးတာ)
    ရှောင်ကျဉ်အပ်တဲ့ ကြမ်းကိုးကြမ်းပါပဲ
    ရှယ်ပေးလို့ ကျေးဇူးတင်တယ် ..

    လေးစားလျက်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။