ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
ဝါသနာကို အရင်းခံလို့
ကိုဝင်းဇော် Tag ထားတဲ့ "၀ါသနာကို အရင်းခံလို့" ဆိုတဲ့ခေါင်းစဉ်လေးကို အတတ်နိုင်ဆုံးကြိုးစားပြီး ရေးသားလိုက် ပါတယ်...
ငယ်စဉ်ဘ၀မှာ ကျွန်မရဲ့ဝါသနာကတော့ လူနာတွေကို ဆေးကုပေးတဲ့ ဆရာဝန် တစ်ယောက်ဖြစ်ချင်ခဲ့တာပါ. . . မိဘတွေကလည်း ဆရာဝန်လုပ်ချင်တယ်လို့ပြောတော့ အရမ်းသဘောကျပါတယ် ပြီးတော့ စာကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်. . . . နောက်တစ်ခုက သီချင်းနားထောင်တာကို အရမ်းကြိုက်ပါတယ်. . . ကျွန်မမှာ အကိုတွေများတော့ သူတို့ဂစ်တာတီးရင် သီချင်းဆိုတာကို လည်း ၀ါသနာကြီးပါတယ်. . . .
ဒီလိုနဲ့ သိပ္ပံဝိဇ္ဖာ ခွဲတဲ့ (၈) တန်း မှာ ဂုဏ်ထူး နည်းနည်းနဲ့ပဲ အောင်ခဲ့ပါတယ် အိမ်က မောင်နှမတွေက ရော ဖေဖေနဲ့မေမေကပါ အားမရခဲ့ပါဘူး . . . ၁၀ တန်းရောက်တော့လည်း စာကျက်ပျင်းတဲ့ ကျွန်မကို ဒီပုံစံနဲ့တော့ ဆရာဝန်ဖြစ်ပါလိမ့်မယ် လို့ ၀ိုင်းပြီး ပြောခဲ့ကြပါတယ်. . . .
သူတို့ပြောတဲအတိုင်းပဲ (၁၀) တန်းကို ကိုးလို့ကန့်လန့်အမှတ်နဲ့အောင်ခဲ့ပါတယ် . . . ကျွန်မတို့ (၁၀) တန်းအောင်တုန်း က တက္ကသိုလ် တက်ဖို့ ၃ နှစ်နီးပါးစောင့်ခဲ့ရပါတယ်. . . .ဒီတော့ Institute လည်းမ၀င်တဲ့ အတူတူ ရိုးရိုးမေဂျာ တစ်ခုကို တက်ခဲ့ပါတယ်. . . ဖြစ်ချင်တဲ့ဆရာဝန်ဖြစ်မလာတော့ အဲဒီအချိန်မှာတော့ ဘာကိုမှလည်း အရမ်းဝါသနာမထုံခဲ့ပါဘူး . . . ကျောင်းပိတ်ရက်တွေမှာ အများဆုံးလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကတော့ စာဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင် တယ် အဲဒါတွေကို ၀ါသနာထုံပါတယ်. . . (အားရင်အားသလို အအိပ်လည်း တအားမက်ပါတယ် )
ကျောင်းပြီးသွားတော့ လည်း အိပ်လိုက်စားလိုက်ပါပဲ ဒါနဲ့ ဘာလုပ်ရင်ကောင်းမလည်း . . . စဉ်းစားနေတုန်း . . . ကွန်ပျူတာတွေစပြီးသုံးတဲ့ အချိန်ဆိုတော့ အလုပ်လုပ်ရင်လည်း အဆင်ပြေအောင် သူငယ်ချင်း ၁ ယောက်နဲ့ MCC မှာ ကွန်ပျူတာသင်တန်းတက် ဖြစ်ခဲ့ပါတယ်. . . . အဲဒီ အချိန်အထိလည်း ရည်ရွယ်ချက်ရော ၀ါသနာရော ယောင်ဝါးဝါးပါပဲ. . . . .
အဲဒီအချိန်မှာ အကိုတစ်ယောက် က ကွန်ပျူတာနဲ့ပတ်သက်ပြီး ဘွဲ့တစ်ခုယူဖို့ တိုက်တွန်းပါတယ် ဒါနဲ့ပဲ ကျောင်းဆက်တက်လိုက်ပါသေးတယ် (တက်နေတဲ့ကျောင်းက အသက် ၃၀ နားအထိပဲ) . . . . ကျောင်းပြီးတော့ ခုကျွန်မတို့မြို့မှာပဲ ၂၀၀၁ ခုနှစ်ကစပြိး အလုပ်ဝင်ဖြစ်ပါတယ်. . . . ဒီအလုပ်ကလည်း တစ်ခါမှ လုပ်မယ်လို့မရည်ရွယ်ပဲနဲ့လုပ်ဖြစ်ခဲ့ တာပါ. ကျောင်းပြီးပြီးချင်း ကျောင်းကဆရာမက လုပ်ကြည့် ပါလို့ တိုက်တွန်းတာနဲ့ ၀င်လုပ်ဖြစ်တာပါ. . .
အလုပ်ရဲ့သဘာဝကတော့ ရိုးရှင်းပါတယ် . . . ကွန်ပျူတာ အသုံးပြုသူတွေကို သူတို့မသိတာတွေကို ကူညီပေးရတာပါ. . . ဒီအလုပ်ကို စလုပ်ခဲ့တာ ၂၀၀၉ ခုနှစ် သြဂုတ်လဆိုရင် (၈) နှစ်တိတိရှိပါပြီ. . . အလုပ်စ၀င် ကတည်းက ကျွန်မအလုပ်မှာ Internet & e-mail ကို တပ်ဆင်ပြီးသားပါ . . . အဲဒီအချိန်မှာတော့ မြန်မာပြည်မှာ e-mail & Internet အသုံးပြုသူဦးရေ နည်းပါတယ်. . .
ကျွန်မလည်း ကျောင်းမှာသင်တုန်း က အဲဒါတွေမပါတော့ စာတွေဖတ်ပြီး လိုက်လုပ်ကြည့်ရပါတယ် . . . ဒါနဲ့ပဲ Internet ကို နှံ့နှံ့စပ်စပ် သုံးဖြစ်ခဲ့ပါတယ် . . . . Internet ပေါ်က သူငယ်ချင်းတွေ အများကြီးတွေ့ခဲ့ရသလို မိတ်ဆွေစစ်တွေလည်း အများကြီးရခဲ့ပါတယ်. . .
ခု ကျွန်မတို့ ဒီ ဧရာဝတီစာကြည့်တိုက် Blog လေးကို လုပ်ဖြစ်တာကတော့ ကျွန်မနဲ့ အလုပ်တူဖြစ်တဲ့ ညီမလေး may16 ကြောင့်ပါ. . . သူကဘလော့လုပ်ရတာကို စိတ်ဝင်စားတော့ အမရေ ရုံးအတွက်လုပ်ရအောင် ဆိုတာနဲ့ အတူတူ လုပ်ဖြစ်ခဲ့တာပါ. . . . .
ကျွန်မတို့လုပ်ငန်းက စာအုပ်များ ငှားရမ်းခြင်း၊ နဲ့ Computer သင်တန်းများဖြင့် ပြည်သူတွေကို ပညာ ဖြန့်ဖြူးပေးရာနေရာဖြစ်ပါတယ် . . ဒါကြောင့် စာကြည့်တိုက်က ကောင်းမွန်တဲ့စာပေများနဲ့ အသိပညာတွေကို ဒီထက်မကပိုမို ပျံ့နှံ့စေချင်တဲ့ စေတနာ နဲ့ Internet က ဘလော့ပေါ်မှာ တင်ခြင်းအားဖြင့် ဒီဘလော့ဂ်လေးကို လုပ်ခြင်းဖြစ်ပါတယ်. . .
ခုတော့ ကျွန်မ၀ါသနာက နေ့တိုင်း ဗဟုသုတရမယ့်စာများ တင်ဖို့ရယ်. . . . . ဘလော့ပေါ်က သူငယ်ချင်းများ ဆီက စာအသစ်တွေတင်တိုင်းကို ဖတ်ဖို့ ကို ၀ါသနာပါပါတယ် . . . . .အားလပ်ရက်တွေမှာတော့ ခရီးသွားခြင်းနဲ့ သီချင်းနားထောင်ခြင်းများကတော့ ငယ်ကတည်းက ခုအချိန်ထိဝါသနာပါတဲ့ အလုပ်တွေဖြစ်ပါတယ် ငယ်တုန်းကဖြစ်ချင်တာနဲက ခုလုပ်နေရတဲ့ အလုပ်ကတော့ မတူပါဘူး ဒါပေမယ့် ခုလက်ရှိရောက်နေတဲ့ အလုပ်ကို ၀ါသနာအားဖြင့် လုပ်နေတာမဟုတ်ပေမယ့် ခုချိန်မှာတော့ ကျွန်မအလုပ်နဲ့ဝါသနာက တစ်ထပ်တည်းနီးပါး ကျနေခဲ့ပါပြီ. . ရှင်. . . .
ဒီပို့စ်လေးနဲ့ကိုဝင်းဇော် Tag ကို ပြန်လည် ရေးသားလိုက်ပါတယ်ရှင်. . .
Blog မောင်နှမများဖြစ်တဲ့ . . . . ..
ညခင်းနဲ့လမင်း (www.nyahkinyaelamin.co.cc)
ကိုနွယ်ရိုး (www.nweyoe.co.cc)
ကိုကိုမောင် (www.kokmaunguk.blogspot.com)
ကိုအိမ် (www.eainhome.co.cc)
ညီမလေး mydiary (www.mydiary.isgreat.org)
ညီမလေး မေခလာ (www.maykhalar.blogspot.com)
တို့ ကို မိမိတို့ရဲ့ဝါသနာလေးတွေကို ရေးပေးကြပါလို့ ထပ် Tag လိုက်ပါတယ် . . . . .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
7 comments:
  1. ဟဟ ၀ါသနာတွေ ထွက်လာပြီ။ တော်တော်ကိုတူတာ...ညခင်းနဲ့ ဟီး
    ညခင်းကတော့ အရပ်ပိုရှည်မယ်ထင်တယ်နော်...ကဗျာပန်းပန်းရေ။
    ReplyDelete
  2. ဆရာဝန် မဖြစ်တာ အနော်နဲ့တူလို့ ထင်တယ်နော် ..။
    ကျောင်းပြေးနေလို့ လေ..။
    http://i306.photobucket.com/albums/nn252/cebong_ipit/templateanna/boy-emoticon-009.gif
    ReplyDelete
  3. အလုပ်နဲ့ ဝါသနာ ထပ်တူနီးပါး ဖြစ်တာ သိရတဲ့အတွက် ဝမ်းသာပါတယ် မပန်းကဗျာ။ နေ့စဉ် ပျော်ရွှင်စွာ ဆက်လက် ကူညီမျှဝေနိုင်ပါစေ။
    ReplyDelete
  4. အလုပ်နဲ့ဝါသနာ တထပ်တည်းနီးပါးကျနေပြီဖြစ်တဲ့ မပန်းကဗျာကို အားကျမိပါတယ်... ရည်ရွယ်ချက်ကောင်းတွေနဲ့ စခဲ့တဲ့ ဒီဘလော့လည်း ဒီထက်မက အောင်မြင်ဦးမှာပါ... အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်...
    ReplyDelete
  5. မမရေ လာမယ်နော်
    နည်း2တော့ကြာမယ်။ လိုင်းလုံးဝမကောင်းလို့ပါ။
    ReplyDelete
  6. ပန်းကဗျာ ..
    တောရှယ် တောရှယ် ကျေးဇူးတင်တယ်နော်
    တကူးတကနဲ့ တဂ်ပို့စ် ကိုရေးပေးလို့
    ခရီးထွက်နေရလို့ ချက်ချင်းမရောက်လာနိုင်တာကို နားလည်ပေးပါ။
    လေးစားစွာဖြင့်
    ReplyDelete
  7. tag စာလေး လာဖတ်ပါတယ်။ ဘော်ဒါတွေ ဘာဝါသနာပါလဲ ဆိုတာကို။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။