ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသက်ရှည်ရာ အနာကင်းကြောင်း။

ဝသဘမင်းကြီးသည် ရဟန္တာအရှင်မြတ်ငါးရာတို့အား ပင့်ဖိတ်၍ ဆွမ်းကျွေးတော်မူပြီးနောက်...

တပည့်တော်၏ သက်တမ်းကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုပေးတော်မူပါဘုရား....ဟု လျှောက်ထားလေသည်။

ဒိဗ္ဗစက္ခု ရသော ရဟန္တာများကလည်း.....

ဒကာတော် မင်းကြီး ယနေ့မှစ၍ (၁၂)နှစ် အထိ အသက်ရှည်မည်။ ကုသိုလ်ကောင်းမူပြုလော့ ဟု မိန့်ကြားတော်မူကြ၏။

ထိုအခါမင်းကြီးက...
တပည့်တော် ၏ ဇာတာကို ပုဏ္ဏာများစစ်ဆေးရာတွင်လည်း (၁၂)နှစ်သာလျှင်အသက်ရှည်မည်ဟု ဆိုပါကြောင်း တပည့်တော်သည် အသက်ရှည်လိုသူဖြစ်သဖြင့် ကျင့်အပ်သောတရားများကို ပေးသနားပါ...ဟု လျှောက်ထားသည်။

ရဟန္တာအရှင်မြတ်တို့က ကောသလ မင်းကြီးအား မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားများကို ၀သဘမင်းကြီးအား ဟောပြတော်မူသည်။

ဝသဘမင်းကြီး ကျောင်းကန်နေရာ မွမ်းမံပြင်ဆင်ခြင်း၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ရေစစ်၊ ကျောင်းကန်နေရာ၊ ရောဂါရှိသော ရဟန်းသံဃာတို့အတွက် ဆေးလှူခြင်း၊ ဤသို့ပြုလျှင် အသက်ရှည်မြဲလေတည်း...ဟု ဟောကြားတော်မူသည်။

ဤနည်းအတိုင်းလိုက်နာ သဖြင့် ၀သဘမင်းင်္ကြီးသည် ရှေ့အဖို့(၄၄)နှစ်ကြာအောင် အသက်ရှည်တော်မူ၏။

ပိုစ့်လေး၏ ရည်ရွယ်ချက်ကတော့....လူတိုင်း အိုနာသေ ကိုမလွဲမသွေကြုံတွေ့ကြရမှာပါ...။ အန်တုလို့မရပါ။
မြတ်စွာဘုရားတောင်မလွန်ဆန်နိုင်ပါဘူး။ ဒါန ဆိုတဲ့ ကုသိုလ်တရားကိုအခြေခံကာ...သီလ ကို မြဲမြံ၍...အိုနာသေကင်းရာ နိဗ္ဗာန်ရောက်ကြောင်းတရားများ တဆင့်ထက်တဆင့် ကြည်ညိုပွားများ အားထုတ်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

8 comments:

  1. တားဆီးလို့ မရနိုင်တဲ့
    သေခြင်းတရားကို အံတုနိုင်ဖို့
    ဘုရားဟော အမှန်ဖြစ်တဲ့ ဗုဒ္ဓအဆုံးအမနဲ့
    တရားဘာဝနာတွေ ပွားများကျင့်ကြံဖို့ပဲ
    အားထည့်ရတော့မှာပေါ့နော် ..
    :a:
    :g:
    (ခုတော့ လုပ်ဖြစ်သေးဘူး)
    (top commenters ဆိုတာကို စိတ်ဝင်စားတယ်)

    ReplyDelete
  2. အသက်ရှည်ရှည် အနာမဲ့မဲ့ ဥစ္စာရရ ဖြစ်ချင်ရင် အဲဒါလေးက မဆိုးဘူးနော်။

    ReplyDelete
  3. လိုက်နာကျင့်သုံးပါက တကယ်ကိုထိရောက် အကျိုးရှိတဲ့ ဗုဒ္ဓရဲ့ တရားတွေဟာ အဖိုးမဖြတ်နိုင်လောက်အောင်တန်းဖိုးရှိပါတယ်..။ ကိုယ်ကိုတိုင်ကသာ လိုက်နာကျင့်သုံးရင် ပြောမပြနိုင်လောက်တဲ့ အကျိုးတွေကိုရရှိမှာ မလွဲဧကန်ပါဘဲဗျာ..။

    ReplyDelete
  4. လူတိုင်းလူတိုင်းဖတ်သင့်တဲ့ စာပိုဒ်လေး ပါ..။

    ReplyDelete
  5. တကယ်ကို မှတ်သားသင့်တဲ့ စာတွေပါပဲ ခင်ဗျာ
    တကယ်လုပ်ဖို့လည်း ကြိုးစားကြည့်ပါအုံးမယ်

    ReplyDelete
  6. တန်ဖိုးရှိတဲ့ စာလေးတွေပါဗျာ၊ ကျေးဇူးပါ၊ လေးစားပါတယ်

    ReplyDelete
  7. တို့တကယ်မှတ်သားသွားတယ်။

    ReplyDelete
  8. သီဟထွန်းJanuary 31, 2010 at 7:20 PM

    မှတ်သားစရာတစ်ခုတိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။