ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဖုံးကွယ်နေသော အစွမ်းသတ္တိ


ဖုံးကွယ်နေသော အစွမ်းသတ္တိ

မိုးနှင့်သရက် ၊ အိုးနှင့် ကြွက်တို့ကို သိရှိရန် ခက်ခဲသကဲ့သို လူ ၏အစွမ်းသတ္တိကိုလည်း သိရှိရန် ခက်ခဲလှလေသည်။ ရွှေကောင်း မကောင်း ဖယောင်းက သက်သေခံသကဲ့သို အစွမ်းသတ္တိ ရှိမရှိကိုလည်း အလုပ်က သက်သေခံ၏။

ရှေးအခါက ယုန်တစ်ကောင်ရှိသည်။ သို့သော်သူသည် သစ်ပင်တတ်နိုင်သော အစွမ်းသတ္တိရှိမရှိကို မသိချေ။ တနေ့ သောအခါ ခွေးတစ်ကောင်က လိုက်သဖြင့် အသက်ဘေးမှ ချမ်းသာရန် သစ်ပင်ပေါ်သို့ တက်ပြေးရာ သစ်ပင်ထိပ်သို့ ရောက်သွား၏။ သစ်ပင်ပေါ်တက်နိုင်သော အစွမ်းသတ္တိ ရှိမရှိကို မသိသော ယုန်သည် ခွေးလိုက်ခံရခြင်းကြောင့်သာ သစ်ပင်ပေါ်တက်နိုင်သော သတ္တိရှိကြောင်း သိရှိရလေသည်။

ထိုအတူ လူများ ကြုံတွေ့ တတ်လေသည်။ လူပေါင်းများစွာပင် ခဲခက်သော အလုပ်များကို လုပ်နိုင် မလုပ်နိုင်မသိ။ သို့သော် မလုပ်လျှင် မဖြစ်သည့်အရေးများကြောင့် ၀င်ရောက်လုပ်ကိုင်ရာမှ ကောင်းမွန်စွာ လုပ်ကိုင် နိုင်သော သတ္တိရှိကြောင်း တွေ့ကြရလေသည်။

တစ်ခါက အက်ဒီဆင် အမည်ခံ ပုဂ္ဂိုလ်ကြီးထံသို့ လူတယောက်လာ ရောက်ပြီး ကျုပ်မှာ ငွေလဲမရှိ၊ အလုပ်လဲ မရှိ၊ ကူညီပါအုံုးု ပြော၏။ ထိုအခါ အက်ဒီဆင်က ကောင်းပြီ ၊ စက်တမျိုးတီထွင် ပေးဖို့ ကုမ္ပဏီတစ်ခုက ခိုင်းနေတယ်။ ကျုပ်မှာ အချန်မရှိဘူး၊ ခင်ဗျားပဲ ကျုပ်အစား လုပ်ပေးလိုက်ပါ ဟု ပြော၏။ သို့သော် ထိုလူက တစ်သက်လုံး ကျုပ်ဘယ်စက်မျိုးမှ မတီထွင်ခဲ့ဖူးဘူး ဟု ပြန်ပြော၏။

အက်ဒီဆင်က ကိစ္စမရှိဘူး လုပ်မှာသာလုပ်ပါ၊ ကျုပ်လခပေးထားမပေါ့ ဟု အားပေးစကားပြော၏၊ ထိုသူသည် အက်ဒီဆင်၏ အားပေးချက်ကြောင့် စက်အမျိုးမျိုးတီထွင်ရာ နောက်ဆုံး စက်တခု အောင်မြင်သွား၏။ ယင်းစက်ကို ကုမ္ပဏီတစ်ခုက ရွှေဒင်္ဂါး တစ်ထောင်ပေး ၍ ၀ယ်ယူ၏။

ယင်းနောက် အဆိုပါ ပုဂ္ဂိုလ်သည် စက်အမျိုးမျိုးကို ဆက်လက်တီထွင်အောင်မြင်ပြန်၏။ သို့သော် သူ၍အစွမ်းသတ္တိမည်မျှရှိသည်ကို ကား သေသည်အထိ မသိချေ၊ အောင်မြင်လိုသူတိုင်း ဖုံးကွယ်နေသော အစွမ်းသတ္တိကို အလုပ်လုပ်ခြင်းဖြင့် သိအောင်လုပ်ရမည်။ မိမိပိုင်ဆိုင်သော အစွမ်းသတ္တိကို သိထားသူသည် အထက်တန်းရောက်ရမည်မှာ မလွဲတည်း။


တက္ကသိုလ် (ဆုမြိုင်) ရေးသားသော... အောင်မြင်ရေးနည်းတစ်ရာ စာအုပ်မှ
နှစ်သက်၍
ကူးယူ မှတ်သားထားခြင်းကို ပြန်လည် ဝေမျှပါတယ်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

7 comments:

  1. စာလာဖတ်သွားပါတယ် ....

    ReplyDelete
  2. ပိုင်ဆိုင်သမျှ အစွမ်း သတ္တိတွေ ရှိနေတာ၊ အသုံးချဖို့ လိုအပ်တယ် ဆိုတာ သိရတဲ့ အတွက် ကျေးဇူးပါပဲ။ မျှဝေတာလေးတွေ ကောင်းပါ၏။ ချမ်းမြေ့ပါစေ။

    ReplyDelete
  3. ကျေးဇူးဗျို. တကယ်အသုံးဝင် အကျိုးရှိတဲ့ Post ပါ။

    ReplyDelete
  4. မှတ်သားသွားတယ် အမရေ အဆင်ပြေပါစေဗျာ ပုံလေးတွေ က မိုက်တယ်ဗျာ

    ReplyDelete
  5. အနော်တော့ ရေမကူးတတ်ဘူး
    အကြောင်းစုံလို့ အသက်ဘေးကြုံရင်တော့
    ဧရာဝတီမြစ်ကို ဟိုဘက်ကမ်းရောက်အောင် ကူးဖြစ်မှာပါ (အဟိ)

    ဆင်ဆင်ပြေ ပျော်ရွှင်ကြပါစေ (၂-ယောက်မို့လို့)

    ReplyDelete
  6. မှတ်သား သွားပါ သည် ..။

    ဒီလာရင်လည်း လာရကျိုးနပ်တာ ပဲ ..။

    ReplyDelete
  7. ဟုတ်တယ်ဗျ၊ လူတိုင်းမှာ အစွမ်းအစကိုယ်စီ ရှိကြပါတယ်။
    အထူးသဖြင့် အကျဉ်းအကျပ်ထဲ ရောက်ချိန်မှာ ပိုသိသာပါတယ်။
    ဖတ်မှတ်သွားပါတယ်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။