ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပြင်ရမည့်စကားပုံနှစ်ခု

မြန်မာလူမျိုးများကြားတွင် အမှားကြာ အမှန်ဖြစ်နေသော စကားပုံနှစ်ခုရှိ၏ ။ ပထမ တစ်ခုကား " သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ " အပေါ်ရံကြည့်လျှင် လူမိုက်အားပေး ဖြစ်နေသည် ကိုတွေ့ရ၏ ။ ထိုစကားပုံ၏ အဓိပ္ပါယ်ကို အကုန်ဖော်ကြည့်လျှင် သင်ကောင်းလျှင် ကျွန်ုပ်ကောင်းမည်. . . သင်မိုက်မဲ ဆိုးယုတ်နေလျှင် ကျွန်ုပ်လည်း မိုက်မဲ ဆိုးယုတ်မည်ဟူသော. . . အဓိပ္ပါယ်ကို ဆောင်နေသည် . . ပါးရိုက်လျှင် နားကိုက်မည်ဟူသော စကားပုံနှင့် အတူတူ ပင်.... သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွနုပ်ကား ဆိုးလိမ့်မည်မဟုတ်ဟု ခံယူထားမှ ကိုယ်ကျင့်သီလ နှင့် သဘောထားကြီးမှုကို အလေးပေးရာ ရောက်လေလိမ့်မည်. . . ထိုစကားပုံ အစား .

"ဥစ္စာဓနဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲပါ။"

"ငွေကြေးမွဲသော်လည်း ရိုးသားမှုချမ်းသာသည်။ "

"သင်ကောင်းဖို့သည် ဒုတိယ။"

"ကျွန်ုပ်ကောင်းဖို့သည် ပထမ။"

ခွင့်လွှတ်ခြင်းသည် ကလဲ့စားချေခြင်းထက် နှစ်ဆထိရောက်သည်။

ဟူသော စကားပုံများကို အစားထိုး သုံးစွဲသင့်သည်။

ပြုပြင်သင့်သည့် ဒုတိယစကားပုံကား "အူမတောင့်မှ သီလစောင့်နိုင်မည်" ဟူ၍ဖြစ်သည်။ ဤစကားပုံအရ ဆိုလျှင် စီးပွားရေါ် အဆင်ပြေမှသာလျှင် သူတစ်ပါးဥစ္စာကို ခိုးခြင်းမှာ ရှောင်ကြဉ်နိုင်မည်. . စီးပွားရေး အဆင်မပြေလျှင်ကား ရသမျှ ခိုးတော့မည်... သီလမစောင့်ဟူ၍ ဖြစ်သည်.။
ခိုးမှုကို အားပေးသည့်သဘောဖြစ်နေ၏။ ပြောင်းလွဲသုံးစွဲသင့်သည်မှာ သီလစောင့်မှ အူမတောင့်မည်ဟူ၍ ဖြစ်သည်။ သီလစောင့်သည့် အတွက် အူမတောင့်ရသော မြို့တစ်မြို့နှင့် တိုင်းပြည်တစ်ပြည်ကို တင်ပြချင်ပါသည်။
မြို့ကား အမရပူရမြို့ပင်ဖြစ်၏. ဘိုးတော်ဘုရားမင်းလက်ထက်က ဘုရင်ရော မြို့သူမြို့သားများအားလုံး က ဂရုဓမ်တရားလေးပါးကို စွဲမြဲကြသည့် အတွက် မိုးလေ၀သကောင်းမွန်ကာ ဆန်ရေစပါးပေါများသော မြို့အဖြစ် သူ့ခေတ်က လွန်စွာ ထင်ရှားကျော်ကြားခဲ့ပေသည်။ ငါးရားငါးဆယ်ဇာတ်နှင့် စရိယာပိဋကတ်၌ လာသော ဂရုဓမ္မဇာတ်၌လည်း ကုရုတိုင်း က္ကုန္ဒပတ္တနရဂိုရ်ပြည်ရှိ ဓနဉ္စယကောရမင်းကြီး နှင့်တစ်ကွ တိုင်းသူပြည်သားများသည်လည်း ဂရုဓမ်တရားလေးပါးကို စောင့်ထိန်းလိုက်နာကြသည့် အတွက် တစ်ပြည်လုံး မိုးလေ၀သမှန်ကန်ကာ ဆန်ရေစပါးပေါများခဲ့သည်။
တစ်ခါတွင် ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှား ကာ အငတ်ဘေးကြီးဆိုက်သည်။ တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့လာပြီး အငတ်ဘေးကြီး ငြိမ်းအေးပပျောက်အောင်လုပ်ပေးရန် တောင်းဆိုကြသည်. အများအကြံပေးချက်အရ မင်းကြီး ဥပုပ်သီလစောင့်ကာ ကျက်သရေရှိသော တိုက်ခန်းသို့ ၀င်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။ သို့သော မိုးကားရွာ၍မလာ..တစ်ဖန် လောကီအယူအဆကို အားသန်ကြသော ဗေဒင်ဆရာတို့က မင်္ဂလာဆင်ရှိလျှင် မိုးရွာသည်ပြော၍ မင်္ဂလာဆင်ကို သွားရောက် အလှူခံကြပြန်သည်. သို့သော် မိုးကားရွာမလာ..... နောက်ဆုံး၌ ပညာရှိသူတော် ကောင်းများ၏ အကြံပေးချက် အရ အရိုးဆုံး နည်းလမ်းတစ်ခုဖြစ်သည့် ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါ မိုးလေ၀သပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်...

ဂရုဓမ်တရားလေးပါး
၁။တိုင်းသူပြည်သားတို့သည် ၀ါတွင်းဝါပ တစ်လလေးသီတင်းဥပုပ်စောင့်ရခြင်း။
၂။ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲမြံရခြင်း။
၃။ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ၀တ်ကပ်ဝတ်တက်ပြု၍ မေတ္တတရား အထူးပွားများရခြင်း။
၎။မိဘဘိုးဘွားဆရာသမားများကိုလည်းကောင်း ၊ အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ကိုလည်းကောင်း၊ မင်္ဂလာတရားတော်နှင့် အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။

ထို့ကြောင့် မြန်မာပြည်တစ်ကောင်းမင်း လက်ထက်တွင် ယင်းဂရုဓမ်လေးပါးကို အမိန့်ပြန်တမ်းထုတ်၍ တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်းသိရှိရပါသည်။
သို့အတွက် ဒါနပြုပါ. . ထိုသို့ပြုရာတွင် သီလကို အပျက်မခံပါနှင့် မိမိပြုခဲ့သော ဒါန၏ကောင်းကျိုးကို သက်ရှည် ကျန်းမာစွာဖြင့် ခံစားလိုလျှင် ငါးပါးသီလကို လုံခြုံအောင်စောင့်ပါဟု တိုက်တွန်းချင်ပါသည်...


မေတ္တာရှင် (ရွှေပြည်သာ) သီလအစွမ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

7 comments:

  1. အကျိုးရှိပါပေတယ်
    သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ် ကောင်းအောင်နေပါမည်( ရွှေဥမင်ဆရာတော်)

    သာဓု သာဓု သာဓု

    ReplyDelete
  2. အူမတောင့်မှ သီလစောင့် နိုင်မည်ဟူသော စကားပုံက ကျွန်တော့် အမြင်အရတော့ လူသာမာန်တွေ အတွက်လို့ ထင်ပါတယ်။ သူတော်စင်တွေ ကတော့ အူမမတောင့် လည်း သီလစောင့်နိုင်ပေမယ့် သာမာန် သူလိုကိုယ်လို လူတွေကျတော့ အူမတောင့် ဖို့လိုမယ်လို့ ထင်ပါတယ်။
    ဥပမာ ချမ်းသာတဲ့ နိုင်ငံမှာ ဆိုရင် ခိုးမှု့နည်း ပြီး ဆင်းရဲတဲ့ နိုင်ငံမှာ ထမိန်လှမ်းထားတာ တောင် စိတ်မချရပါဘူး။

    ကျွန်တော့် အမြင်ပါ။
    သိတာလေးမျှဝေပါဦး..

    ReplyDelete
  3. နောက်ထပ်ပြင်ရမဲ့ စကားပုံလေးတွေရှိရင်လဲ
    တင်ပြပေးပါဦး။ ဗဟုသုတပွါးတာပေါ့။

    ခေတ်ကာလအရ စကားပုံတွေ ပြင်သင့်ရင် ပြင်ရမဲ့ အချိန်ရောက်နေပြီ မဟုတ်လား။

    ReplyDelete
  4. စာကားပုံလေးတွေကောင်းပါတယ်ဗျ

    ကောင်သူဆိုးသူ ဝေဖန်မမူ
    မိမိနှိုက်သာတည် တည်ပါ့မယ်။
    စိတ်၏နှလုံး ဖြူစင်ပြုံး ကြည်လင်အောင်သာထားပါတယ်။
    နေမင်းရောင်သိပ် မိုးတိမ်ရိပ်
    အုံ့ဆိုင်းနေလဲ မခါးပါ့မယ်။
    ဥစ္စာဓနမခလှ ငွေးကြေးမခုံမင်
    ရိုးပုံပြင် နားထဲအမြဲရှိပါမယ့်
    သင်၏ကောင်ခြင်း မကောင်းခြင်း
    ညှင်းညှင်းပင် စိတ်တွင်မငြိုလျက်ပါ
    ခွင့်ကလွှတ်လျှက် ကလဲ့စာထက်
    စိတ်စဉ်ရိပ်ထင်တွေးပါ့မယ်။

    ဖြိုးဝေတိုး ၁၀.၉.၀၉

    ဘာရယ်မဟုတ်ပါဘူး မပန်းကဗျာ မြင်တာလေး စပ်မိသွားပါ
    ခင်တဲ့ မိုးတိမ်

    ReplyDelete
  5. ဟုတ်ကဲ့
    သူ့ နေရာနှင့် သူတော့ အကုန် မှန်တာ ပဲ ..။


    အားလုံး ကိုခြုံပြီးပြောတယ်ဆို မှန် ပါတယ်..။ တစ်ချို့ အတွ က်တော့ ခြွင်းချက်ရှိမှ ပေါ့နော်..

    အခုလို မျှဝေပေးတာကျေးဇူး ပါဗျာ..။

    ReplyDelete
  6. စာရေးသူရဲ့
    ပေးချင်တဲ့ message ကို ယူသွားပါတယ်။
    ပြန်ရှယ်ပေးတဲ့
    (မပန်းကဗျာ)ကိုလည်း ကျေးဇူးတင်တယ်။

    လေးစားခင်မင်လျက်

    ReplyDelete
  7. မျှဝေပေးတာကိုဖတ်ရှုသွားပါတယ် ကောင်းပါတယ်ရှင် မှတ်သားစရာလေးပါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။