ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပီတိမင်းသားနှင့် ပျံလွှားငယ်(၅) (ဇာတ်သိမ်းပိုင်း)

ထူးခြားဆန်းကြယ်သော နှလုံးသား

အဲသည်အခိုက်အတန့်မှာ ကြေးရုပ်ရဲ့ ရင်ဘတ်အတွင်းဘက်က တစ်စုံတစ်ရာ ကြေကွဲသွားသလို "ဖျပ်" ဆိုတဲ့ အသံထွက်ပေါ်လာပြီးတော့ ကြေးရုပ်ဟာ ဦးခေါင်းထက်ကနေ ပေါင်ခြံရင်းအထိ ထူးထူးဆန်းဆန်း ကွဲအက်သွားပါ တော့တယ်. . . အအေးဓာတ်ပဲ လွန်ကဲသွားလွန်းလို့လား . . စကားပြောတတ်တဲ့ မင်းသားရုပ်တုက စိတ်ထိခိုက်လွန်းလို့ နှလုံးသား ကွဲသွားပြီးတော့ ရင်သားပါကွဲအက်သွားလေသလား . .
နောက်တစ်နေ့နံက်မှာ မြို့တော်ဝန်နဲ့ သူ့အကြံပေး အဖွဲ့က မြို့တော်ကို လှည့်ပတ်ကြည့်ရှုရင်းနဲ့ မင်းသားကြေးရုပ် ရဲ့ ခြေရင်းဆီသို့ ရောက်လာကြပါတယ်. . . မျက်လုံး ဟောက်ပက် . . ရင်ဘတ်ကွဲအက်ပြီး ညိုမွဲ မည်းခြောက်နေတဲ့ ကြေးရုပ်ကို မြင်ရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေ ရှုံ့မဲ့သွားကြတယ်. . .
"အောင်မယ်လေးဗျာ . . ပီတိမင်းသားရဲ့ ကြေးရုပ်က စုတ်ပြတ်နေပါလား . . . ."
"ဟုတ်ပါတယ်. . သိပ်ကျက်သရေမဲ့ နေတာပဲ ၀န်မင်းရဲ. . . ."
မြို့တော်ဝန်မင်းနဲ့ အစဉ်သဘောတူညီလေးရှိကြတဲ့ အတိုင်ပင်ခံလူကြီးမင်း များ က တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြတယ်. . . " ဟော . . ကြည့်စမ်းပါအုံး . . ကြေးရုပ်ရဲ့ခြေရင်းမှာလဲ ပျံလွှားငှက်ငယ် တစ်ကောင် သေနေတယ် . . . . ကြံကြံဖန်ဖန်ဗျာ "
"ဟုတ်ပေတယ် မြို့ဝန်မင်း . . ငှက်တွေဟာ သည်မှာလာပြီး မသေရဘူးလို့ အမိန့်ထုတ်ပြန်လိုက်ရင် ကောင်းမယ်.... "
မြို့ဝန်မင်း ထွက်သွားပြီးတဲ့နောက် အကြံပေးလူကြီးမင်းများရဲ့ ဆင့်ကဲအမိန့်ကြောင့် ကြေးရုပ် ကို ဖြုတ်ချပြီး ကြေးရည်ကျိုဌာန သို့ပို့လိုက်ကြတယ် . .. ပီတိမင်းသားရဲ့ ကြေးရုပ်ကို အရည်ကျိုတဲ့အခါ ခဲနှလုံးသားက ထူးထူး ခြားခြား အရည်မပျော်ဘဲ ကျန်ရစ်တယ်. . . ကြေးရည်ကျိုဌာနက ကြီးကြပ်ရေးမှူးက ခဲနှလုံးသားကို ဆယ်ယူ စစ်ဆေးလိုက်တဲ့ အခါ နှစ်ခြမ်းကွဲနေတာကို ထူးခြားစွာတွေ့ရပြန်တယ်. . . .
"ဟဲ . . . ဟဲ အတော်ထူးဆန်းသဗျို့ . . သည်နှလုံးကွဲကြီး က အရည်ကြိုလို့မပျော်ဘူး . . . ကဲကဲ အပြင်အမှိုက်ပုံ မှာ ပစ်လိုက်ပါတော့ . . . "
ကြီးကြပ်ရေးမှူးရဲ့ အမိန့်အရ ခဲနှလုံးကွဲကို အလုပ်သမားတစ်ယောက် က အပြင်အမှိုက်ပုံထဲ ပစ်ထဲ့လိုက်တယ်... နှလုံးကွဲကျသွားတဲ့နေရာကို ကြည့်မိလိုက်တဲ့ လူတွေက ခပ်စောစောက အမှိုက်ပုံထဲပစ်ထည့်ထားခဲ့တဲ့ ပျံလွှားငှက် အသေကောင်နဲ့နှလုံးကွဲတို့ ယှဉ်တွဲနေကြတာကို တွေ့ကြပေလိမ့်မယ်. . . .

အဖိုးတန်ဆုံးအရာနှစ်ခု

အဲသည်အချိန်မှာ ဘုရားသခင်က သူ့ရဲ့ စေတမန်နတ်သား တစ်ပါးကို အမိန့်ပေးလိုက်တယ်. .
"အမောင်နတ်သား . . လူ့ပြည်သို့ဆင်းပြီး စန်စူစီမြို့ထဲက အဖိုးတန်ဆုံးအရာ သတ္တုနှစ်ခုကို ယူလာစမ်း.."
နတ်သားက ခဲနှလုံးကွဲနဲ့ ငှက်အသေကောင်တို့ကို ယူဆောင်လာပြီး ဘုရားသခင်အား ဆက်သလိုက်တယ်. ..
"မှန်ပေတယ် အမောင်နတ်သား သည်အရာ ၀တ္တုနှစ်ခုက "မေတ္တာနှင့်သစ္စာ" တို့ရဲ့ အထိမ်းအမှတ်မို့ အဖိုးတန် ဆုံးပါပဲ. . . သည်ပျံလွှားငှက်ယ်ကို င့ါရဲ့ဥယာဉ်ထဲမှာ အမြဲတမ်းသီချင်းသီဆို နေဖို့ ငါခွင့်ပြုလိုက်ပြီ . . ပီတိမင်းသားကိုလည်း င့ါရဲ့ ရွှေမြို့တော်မှာ အမြဲတမ်း ပျော်ပျော်ရွင်ရွင် နေထိုင်ခွင့်ပြုလိုက်ပြီ. . . "
ဒါ့ကြောင့် ပီတိမင်းသားနဲ့ပျံလွှားငှက်ငယ်တို့ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အတူယှဉ်တွဲပြီး အမြဲတစေ ပျော်ပျော်ပါးပါး နေထိုက်သွားနိုင်ကြတော့တယ်. . . .
(ဆင်းရဲခြင်းဒုက္ခတို့ ပြည့်လျှံနေတဲ့ လောကဘုံမှာ မေတ္တာ နှင့် သစ္စာ ပန်းတို့ အမြဲဖူးပွင့်ဝေဆာနိုင်ကြပါစေ.)

(ကမ္ဘာကျော် စာရေးဆရာ Oscar Wilde ၏ The Happy Prince ကို ရသမြောက်အောင် ဘာသာပြန်ဆိုထားပါသည်။ )
ဒေါက်တာမင်းတင်မွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

4 comments:

  1. ကောင်း၏..ဖတ်သွားပြီနော်..အခုချိန်ကစပြီး ပီတိမင်းသားလေးလို မေတ္တာကြီးပြီး ပျံလွှားငှက်လေးလို သစ္စာရှိတော့မယ် :P
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  2. ဇာတ်သိမ်းသွားတော့လဲ တစ်မျိုးကြီးဘဲနော်။
    ဒီလိုဘဲ ထင်ပါရဲ့ ။ ကောင်းတဲ့အရာတွေပြီးဆုံးသွားရင် ဟာတာတာ ဖြစ်ကျန်နေတတ်တယ်ဆိုတာ။

    ReplyDelete
  3. ကောင်ပါတယ်ဗျို့
    မျှဝေပြီး အပင်ပန်းခံရိုက်ပေးတဲ့ မပန်းကဗျာကိုလည် ကျေးဇူးတင်ပါတယ်
    ထာဝစဉ် အားပေးလျှက်ပါ။

    ဒါနဲ့ ကော်မန်ရေးရင် ဖြည့်ရတဲ့ word verificaion ကြီးဖြုတ်လိုက်ပါလား ကွန်နက်ရှင်မကောင်တဲ့အချိန်ကျ ဒုက္ခရောက်လို့

    ခင်တဲ့
    မိုးတိမ်(ဖြိုးဝေတိုး)

    ReplyDelete
  4. အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ အပိုင်းအားလုံးကို တပြိုင်တည်း ဖတ်သွားတယ်နော... ကောင်းတယ်.... လူတစ်ယောက်မှာ လိုအပ်တဲ့အရာ ၂နှစ်ကို ပြောသွားတာ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။