ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခံရသည်။ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။

တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

တောင်သူလယ်သမားကြီးများက ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။

မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ရေးသားဖော်ပြ လိုက်ပါတယ်..


ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ


4 comments:

  1. တောင်သူလေးသမားကြီးများ။
    ဇန်န၀ါရီလသည် တောင်သူလယ်သမားအနေဖြင့် လယ်ယာရိတ်သိမ်းချိန်နှင့်တိုက်ဆိုင်နေသဖြင့်လည်းကောင်း(နှစ်ခါထပ်)။

    အမှားထောက်ပြတာမဟုတ်ဘူးနော်။ တွေ့လို့ ပြောကြည့်တာ။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  2. တောင်သူလေး(လယ်)သမားကြီးများဆိုတဲ့စာလုံးကိုပါဖြုတ်လိုက်ရင် ပိုလှသွားမယ်ထင်တယ်။ ပိုနေသလားလို့။ စိတ်မဆိုးနဲ့နော်။

    ဆက်လက်ပြီးစာတွေအများကြီးရေးနိုင်ပါစေ။

    ReplyDelete
  3. ကျနော်တို့ အားလုံးရဲ့ ကျေးဇူးရှင်လို့ ပြောလို့ ရတဲ့ တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုဖတ်ရှု သွားပါတယ်။ ချမ်းမြေ့နိုင်ပါစေ။

    ReplyDelete
  4. တောင်သူလယ်သမားနေ့တို့၊ အလုပ်သမားနေ့တို့၊ ပြည်ထောင်စုနေ့တို့၊
    လွတ်လပ်ရေးနေ့တို့၊ အာဇာနည်နေ့တို့၊ စသည်
    ဖြင့်ပေါ့ ဘာပွဲမှ မလုပ်ပဲ သာမန်နေ့ရက်တခုကို ဖြတ်သန်းလာကြတာ အတော်ကြာနေပြီဗျာ။
    အခုလိုဖော်ပြသတိပေးတာ ကျေးဇူးဗျို့ မေ့တောင်နေပြီဗျ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။