ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တစ်ပါးသူကို ကောင်းမှုပြုပါ၊ ပြုကြောင်းကို မပြောပါနဲ့

ကျွန်ုပ်တို့အများစုသည် သူတစ်ပါးကောင်းကျိုးကို တစ်စုံတစ်ရာ ဆောင်ရွက်ပေးတတ်လေ့ ရှိကြသည်. . . သို့သော ထိုသို့ပြုကြောင်းကို အခြားသူများ သိစေချင်သောစိတ်ဖြင့် တစ်ဆင့်ပြောမိလေ့ရှိကြသည်. . . .

ကိုယ်ပြုလုပ်သော ကောင်းမှုကောင်းရာကို တစ်ဦးဦးအား ဖော်ထုတ်ပြောခြင်းအားဖြင့် ကိုယ့်မှာ တွေးတော စာနာတတ်သည် ဟု အတွေးပေါ်ကြသည်. . . .ထို့ပြင်ကိုယ်က ဤမျှကောင်းသောကြောင့် ကိုယ့်မှာလည်း စာနာ ထောက်ထားခံရသင့်သည်ဟု လည်း စိတ်တွင် ဖြစ်ပေါ်မိကြသည်. .

ကောင်းသောစိတ်ထား စေတနာဖြင့် ပြုလုပ်ခြင်းဟူသမျှ နှစ်သက်ဖွယ်ဖြစ်သော်လည်း ထိုကိစ္စကို ဘယ်သူ့ကိုမျှ ထုတ်ဖော် မပြောခြင်းသည် ပို၍ပင် ချီးမွမ်းဖွယ်ဖြစ်ပေသည်. . . သူတစ်ပါးကို ပေးကမ်း ကူညီရခြင်းကြောင့် အမြဲတမ်း စိတ်ချမ်းသာရပါ၏. . . . . ထိုစိတ်ချမ်းသာမှုကို အခြားသူများသို့ ဖောက်သည်ချခြင်းထက် မိမိစိတ်ထဲတွင်သာ ထားရှိနိုင်ပါက ကြည်နူးစိတ်ကို သိမ်းဆည်းလျက် ပို၍ပင် စိတ်ချမ်းသာရာ ရနိုင်ပေသည်. .

ပေးကမ်းရခြင်းအတွက် အတုံ့အပြန်မထားသော စိတ်ရှိသင့်သည်မှာ မှန်ပါ ၏ ပေးကမ်းလိုက်သည့်အကြောင်း ကို . အခြားသူများအား နှုတ်မှ ဖွင့်ဟပြောဆိုခြင်းမပြုပါလျှင် ပေးကမ်းရသည့်အတွက် နွေးထွေးမှုကို ဖြစ်စေသော စိတ်ချမ်းသာမှုကို ရပါလိမ့်မည်. . . နောက်နောင်တွင် ကောင်းမှုပြုသည့်အခါတိုင်း၌ ကိုယ့်စိတ်ထဲတွင်ထားပြီး ကြည်နူးနိုင်ပါက ပြည့်ဝသော စိတ်ချမ်းသာမှုကို ရပါလိမ့်မည်. .

မောင်ဆုရှင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

7 comments:

  1. အရမ်းကောင်းတဲ့စာပါဘဲ,,,မိမိကစေတနာထားပြီးတစ်စုံတစ်ဦးကိုသော်၎င်းအဖွဲ့အစည်းတစ်ခုကိုသော်၎င်းကူညီလိုက်ခြင်းဟာ လူတိုင်းကိုဖွင့်
    ဟပြောနေစရာမလိုပါဘူး,,, မိမိ၏စေတနာနှင့်ကူညီမှု့သည် လိုအပ်နေသူ
    ထံခံစားရောက်ရှိစေဖို့သာအဓိကပါခင်ဗျာ,,,
    လေးစားပါတယ်ခင်ဗျာ

    ReplyDelete
  2. စိတ်စေတနာအရင်းခံပြီး ကူညီမှုပေးလိုက်ရခြင်းကြောင့် တစ်ဖက်သားအပေါ် အကျိုးရှိစေပြီး တုန့်ပြန်မှုကိုတောင်းတခြင်းမရှိတာကြောင့်လည်း ထုတ်ဖော်ပြောပြဘို့မလို ဆိုတဲ့သဘောထားလေး နှစ်သက်စရာပါ မေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကိုယ်လုပ်တဲ့ ကောင်းမှုကုသိုလ်ကို မိမိဖာသာ ပြန်လည်ကြည်နူးနိုင်ရင် လှူရကျိုး ကူညီရကျိုး နပ်ပါတယ်လေ။

    ReplyDelete
  4. ခေါင်းစဉ်လေးကိုဖတ်ပြီးသဘောကျနေတာ
    ဟုတ်တယ်နော်အဲဒီအတွေးကသိပ်ကောင်းတာပဲ
    ညာလက်ကပေးတာဘယ်လက်ကမသိစေ
    နဲ့လို့ဖွားဖွားတို့ပြောဖူးတဲ့စကားလိုပဲနော်

    ReplyDelete
  5. မိမိပြုခဲ့သောကောင်းမှုရဲ့ ကြည်နူးရိပ်လေးကို ပြန်တွေးပြီး သောမနဿပီတိတွေ ဖြစ်လေတိုင်း ကုသိုလ်တွေ တိုးတိုးနေမှာတော့ သေချာတယ်။ ဒါကြောင့် မောင်ဆုရှင်ပြောသလိုပဲ ဘယ်သူသိသိ မသိသိပေါ့။ ကိုယ်ပြုတဲ့ကုသိုလ် ကိုယ့်လိပ်ပြာသိရင်ရပါပြီ။

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  6. ဟုတ်ပါတယ် သူများကိုပြောပြနေစရာမလိုပါဘူး ကိုယ့်စေတနာကို လက်ခံရသူခံစားသိရှိမှာပါ ပြီးတော့ ဘုရားသိမှာပါ ကိုယ်ကိုယ်တိုင် လည်စိတ်ချမ်းမြေ့ရတယ်လေ .....

    ReplyDelete
  7. ဟုတ်ပါတယ် ကိုယ့်စေတနာ ကို ကိုယ်သာသိလို့ စိတ်ကြည်နူးရပါတယ် ပြီးတော့ ဘုရားသိပါတယ်........

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။