ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပျိုးနုတ်သမားနှင့်တူသော



မင်းတုန်းမင်းသည် မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းကာ သာသနာ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်. . . ထို့ကြောင့် ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံတိုင်း တရားအားထုတ်လိုကြောင်း လျှောက်ထားလေ့ရှိပါသည်. .

တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်ပြီး လျှောက်ထားရာမှာ. .

"တပည့်တော်မှာ မင်းစည်းစိမ်နဲ့တာဝန်က တစ်ဖက်ရှိနေလို့သာပါ. . ဘုရား တာဝန်သာမရှိရင် တရားဘာဝနာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား. ." ဟု မင်းတုန်းမင်းကြီးကလျှောက်ထားပါသည်. . .


"ဒကာတော်မင်းမြတ်ဟာ ဘုန်းကြီးနဲ့ တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလိုနဲ့ ပြောတာကြာပြီ. . . . . ဒကာတော့ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီဟု . ." ဆရာတော်က မိန့်ပါသည်. .

"ရှင်းလင်းဟောကြားတော်မူပါဦးဘုရား . . ."

ဆရာတော်က ပုံပြင်ကိုစပြောပါတယ်. . . .

"တို့များခေတ်က ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်. . . . တစ်နေ့သော် ပန်းသည်ကြီးတစ်ဦးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနီးသို့ ရောက်သွားသည်. . . . ထိုအချိန်တွင်. . ခါးပုံစတွင်း ၌ နှီးတစ်စည်း ကို ညှပ်ထားသော ပျိုးနုတ်သမားတစ်ယောက်လည်း ပျိုးခင်းသို့ရောက်လာသည်.. .

ထို့ကြောင့်ပန်းသည်ကြီးသည် အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီး တစ်ပင်အောက်တွင် ၀င်ရောက်နားလေသည်. . . . ပျိုးနုတ်သမား က ဦးစွာ နှီးစည်းကို ရေစိမ်ထားလိုက်သည်. . . . "ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲ လေ. . ."

ထိုသူရေရွတ်လိုက်သော အသံကို ပန်းသည်ကြီးက ကြားကာ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို စောင့်ကြည့် ဦးမည်ဟု စိတ်ကူးကာ ဆက်စောင့်နေသည်. . . . ပျိုးနုတ်မည့်သူသည်. . . . ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်. . .ထို့နော်က ပုဆိုးကု ခေါင်းအုံးကာ အညောင်းဆန့်လှဲအိပ်နေလိုက်သည်. . .

"ဒီပျိုးခင်းလေးလောက်များ နေအေးမှ နုတ်လဲခဏပဲ . . မှိန်းလိုက်ဦးမည်. . . . " ဟိုက အိပ်သည်. . ပန်းသည်လည်း "ကြားရတာ ပျိုးနုတ်တော်တော် တော်မည့်သူပဲ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါ့မယ်လေ. . . " ဟု တွေးက အညောင်းဆန့်က စောင့်လေသည်. .

ပျိုးနုတ်မည့်သူ အိပ်ရာမှ နိုးလာသည်. . . ပန်းသည်လည်း စောင့်ဆဲ. . . "နေကလည်း တယ်အကျမြန်တာကိုး . . .ခုမှ နုတ်လဲ အချိန်မမှီတော့ပါဘူး. . . .မနက်ကျမှပဲ နုတ်ပါတော့မယ်. .." . . ဟု ပျိုးနုတ်သများက ရေရွတ်ပြောဆိုသည်. . .

ပန်းသည်ခမျာ ပျိုးနုတ်သည်ကို ကြည့်ရန် အားခဲထားသည်. . .ယခုတော့ နေကလည်း ညိုပြီ. . . ပန်းအချို့လည်းညှိုးပြီ. . . . ဆက်မရောင်းနိုင်တော့ ပဲ အိမ်သို့သာ ပြန်ခဲ့ရတော့သည်. . .

"ဒီသဘောပါပဲ ဒကာတော် ရေမြေ့ရှင်. . ၊ဒကာတော် တောထွက်နိုး၊ တရားဘာဝနာ စီးဖြန်းနိုးနဲ့ စောင့်ခဲ့တာကြာပါပေကော. . . အချိန်ကုန် စာကြည့်ပျက်တာပါပဲ. . . . ."

ပုံပြင်ကို အဆုံးသတ်ပြီးနောက် ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်. . . . မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ. . . . ဆရာတော်ကို မျက်စိတစ်ဆုံး ဖူးမျှော်ဦးတင်ကာ ကျန်ခဲ့လေသည်. . . .

ဗန်းမော်ဆရာတော် ပုံပြင်များ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

5 comments:

  1. ကိုကိုမောင်(ပန်းရနံ့)July 8, 2011 at 6:51 PM

    ဖတ်ရင်းနဲ့ ကိုယ်တိုင်တောင် ပျိုးနှုတ်သမား တစ်ယောက် ဖြစ်နေပြီလား စဉ်းစားနေမိတယ်။း)))

    ခင်မင်လျက်

    ReplyDelete
  2. ကောင်းလိုက်တာ .. တည့်တည့်ထိတာပဲ .. :D
    အဲဒါကြောင့် ဘုန်းဘုန်းတွေက ဟောတာ .. ကောင်းတာဆို မလုပ်ချင်လည်း ဖြစ်ညှစ်လုပ်ပါတဲ့ ..း)

    ReplyDelete
  3. ပျိုးနုတ်သမားနဲ့ မတူအောင် သတိလေးနဲ့ နေထိုင်ဖို့ ကိုယ့်ကိုယ့်ကို
    ဆုံးမမိတယ်။ ဗန်းမော်ဆရာတော်ကြီးတွေရဲ့ စကားလေးတွေက
    အမြဲတမ်း ကိုယ့်ကိုယ်ကို ဆန်းစစ်နေရမယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  4. ပျိုးနုတ်သမားနဲ့ မတူအောင် သတိလေးနဲ့ နေထိုင်ဖို့ ကိုယ့်ကိုယ့်ကို
    ဆုံးမမိတယ်။ ဗန်းမော်ဆရာတော်ကြီးတွေရဲ့ စကားလေးတွေက
    အမြဲတမ်း ကိုယ့်ကိုယ်ကို ဆန်းစစ်နေရမယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. လူကြီးတွေပြောနေကျစကားလိုပေါ့နော်။
    'အစားသာကုန်အောင်စား စကားကို အကုန်မပြောနဲ့' ဆိုသလိုလေ။
    စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။