ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လူမစွမ်း၍ နတ်မခြင်းပါ ဘုရား



ဘိုးတော်ဦးဝိုင်း၏ ကောင်းမှုတော်များသည် များပြားလာသည်။ မျက်မှောက်ခေတ်တိုင် အထင်အရှား ပင်ဖြစ် ပါသည်။ မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းတော်ကြီးတို့မှာ အထင်အရှား ပင်ဖြစ်ပါသည်။ ဘိုးတော်ဦးဝိုင်းသည် ၎င်း၏ ကောင်းမှုများအတွက် ပီတိဖြစ်သည်။ ကျေနပ်သည်။

မင်းကွန်းပုထိုးတော်ကြီး၏ ဥာဏ်တော်မှာ မြင့်သည်။ ၅၂၀ တောင်၊၂ မိုက်၊ ၄ သစ်မျှထိ တည်ဆောက် သော်လည်း ပြီးနိုင်ခဲသည်။ ပြီးမြောက်စေချင်လှပြီ။

''ပေါ်ဦး''

''ဘုရား''

''ငါကိုယ်တော်မြတ်ရဲ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ရွေတိဂုံစေတီတော်၊ ရွေစည်းဂုံစေတီတော်တို့ကို……..လူတစ်ရစ် နတ်တစ်ရစ် တည်တယ်လို့ ဆိုတာ ကြားဖူးမို့လား ပေါ်ဦးရဲ့''

''မှန်လှပါ ……..ကြားဖူးကြောင်းပါ ဘုရား''

''ငါကိုယ်တော်မြတ်တည်ထားကိုးကွယ်တဲ့ ပုထိုးတော်ကြီး ကျတော့ဘယ်နတ်ကမှ လာပြီး မကူညီပါလားကွယ့်''

''မှန်လှပါ……..ဘုန်းတန်ခိုးချင်း မတူလို့ပါဘုရား''

''အလို……..လျှောက်စမ်းပါအုံးကွယ့်''

'' ရှေးပညာရှိများ မိန့်ဆိုခဲ့တဲ့ စကားပုံရှိကြောင်းပါဘုရား………''

'' ဘာများတုံးကွယ့် ''

'' လူမစွမ်းနတ်မ ဆိုတဲ့ စကားပုံပါဘုရား၊ ရွှေတိဂုံစေတီတော်၊ ရွှေစည်းဂုံစေတီတော်တို့ကို တည်ခဲ့သောဒါယကာမင်းတို့မှာ …….ဘဝရှင်မင်းတရားကြီးလောက် ဘုန်းတန်ခိုးမစွမ်းသည့်အတွက် နတ်များက မ ရ ခြင်းဖြစ်ပါတယ်ဘုရား……..အရှင်မင်းကြီးကတော့……..ဘုန်းတန်ခိုးအစွမ်းထက်သည့်အတွက် နတ်များမှာမရန်မလိုပါဘုရား……..ထို့ကြောင့် မ မကြခြင်းပါဘုရား…….. ''

''မောင်မင်း တင်လျှောက်ပုံအရ ဆိုရင်တော့ ………..ငါကိုယ်တော် စွမ်းလို့ နတ် မ မတာပဲပေါ့လေ''

'' မှန်လှပါဘုရား''

ဘိုးတော်ဦးဝိုင်းမှ ဦးပေါ်ဦး၏ လျှောက်တင်ပုံကြောင့် စိတ်ကျေနပ်မိတယ်။

ဦးပေါ်ဦး၏ လျှောက်တင်ပုံက အရှင်သခင်၏ စိတ်ကို ချမ်းမြေ့စေသည်။

လူမစွမ်း၍ နတ်မ ခြင်း……..ပါတဲ့။

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)July 15, 2011 at 1:00 AM

    ဦးပေါ်ဦးလျှောက်ထုံးတွေက ဘယ်တော့ဖတ်ဖတ် မရိုးဘူး သဘောကျတယ်

    ReplyDelete
  2. ခရစ္စတလ်July 15, 2011 at 10:04 AM

    ဟုတ်ပါ့ သိပ်သဘောကျတာပဲ ရိုးသွားတယ်ကို မရှိဘူးနော်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။