ကဗျာငှက်တွေ ၊ ပျံဝဲနေပြီ
မိုးမြေအနှံ့၊ နေရာနှံ့ပင်။
တေးသီချင်းသံ၊ ချိုမြညံလို့
ထက်ယံဝဲယာ၊ လေနှင့်ပါ၍
သာယာချိုမော လွမ်းဖွယ်ပြော၏။
မြန်မာပီသ၊ အတွေးလှသော
ဘ၀လင်္ကာ၊ ရတနာကို
ရင်မှာ ဖွဲ့သီ၊ ပန်းပွင်းစီ၍
သင်းကြည်မွှေးပျံ့ ရနံ့ထုံ၏။
ရဲရင်းသတ္တိ၊ မီးတောင်ညှိ၍
ယနေ့ထက်တိုင်၊ ကလောင်ကိုင်လျက်
ခိုင်မာစိတ်ဓာတ်၊ ရဲရဲရပ်၏
ပြတ်သား ယုံကြည် ၊ ရှေ့သို့ချီဆဲ။
ထီလာစစ်သူ
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကောင်းလိုက်တဲ့ကဗျာလေး........
ReplyDeleteလာရောက်အားပေးသွားပါတယ်
ခင်မင်လေးစားစွာဖြင့်
မဒမ်ကိုး
ခိုင်မာစိတ်ဓာတ်၊ ရဲရဲရပ်၏
ReplyDeleteပြတ်သား ယုံကြည် ၊ ရှေ့သို့ချီဆဲ။
ကောင်းလိုက်တဲ့ကဗျာ...
ReplyDeleteတစ်ခေါက်ဆို တစ်ခေါက် ရောက်ရကျိုးနက်ပါ့ဗျာ။