ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အားကိုးစရာ



ယုန်ကလေးတစ်ကောင်က စဉ်းစားပါတယ်။

ငါက ခွန်အားနည်းတယ်……..ဒီတော့……လောကမှာ ခွန်အားအကြီးဆုံးသော တစ်စုံတစ်ယောက်ကို အဖော်ပြုဖို့ရှာမှပဲ။

ဒီလိုနဲ့ခရီးထွက်ခဲ့ပါတယ်။

အင်အားအကြီးဆုံးကိုရှာရင်းရှာရင်း တောထဲက တိရီစ္ဆာန်တွေလည်းကုန်သလောက်ရှိနေပါပြီ။

နောက်ဆုံး…….တောဘုရင်ခြင်္သေ့ကြီးဆီ ရောက်ပါတယ်။

တစ်နေ့မှာတော့ အဲ့ဒီခြင်္သေ့ကြီးကို လူမုဆိုးတွေက အနိုင်ယူလိုက်ပါတယ်။

ဒါနဲ့ပဲ ယုန်ကလေးက လောကမှာ အင်အားအကြီးဆုံးလို့ ယူဆရတဲ့ မုဆိုးတွေနား အဖော်ပြုဖို့ သွားလိုက်တာ…….လူမုဆိုးတွေက ဝမ်းသာအားရနဲ့ ချက်စားလိုက်ပါလေရော။

သဲအောင်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ကိုကိုမောင်(ပန်းရနံ့)July 10, 2011 at 5:32 PM

    အမ်..... ခြင်္သေ့စားတာ မခံရဘဲ လူစားတာဘဲ ခံလိုက်ရရှာတယ်။ သနားစရာ ယုန်ကလေး။ အားကိုးမှားခြင်းရဲ့ သင်ခန်းစာပေါ့လေ။

    ခင်မင်လျက်

    ReplyDelete
  2. အော် ယုန်ယုန် ပုံပြင်တော်တော်များများမှာ သူတို့ခံရတာချည်းပဲ။

    ReplyDelete
  3. ယုန်လေးဘဝ သနားစရာနော်။ ကိုကိုမောင်ပြောသလို ဆရာမှားတော့ ဘဝဆုံးပြီပေါ့။
    စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။