ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သားဖေဖေ



သားရယ်……………..

အောင်မြင်ချင်တဲ့သူဟာ
ကိုယ့်ကိုကိုယ် ယု့ကြည်မှုရှိဖို့
အမှန်တကယ်လိုအပ်ပါတယ်။
အဲ့ဒီယုံကြည်မှုရအောင်
ကိုယ်ဘာသာကိုယ် ပြု စုပျိုးထောင်ရပါတယ်။

အလကားကောင်လို့ သူများကပြောတာနဲ့
စိတ်အားငယ်ပြီး ဘာမှမလုပ်ဘဲနေရင်
အလကားကောင် တကယ်ဖြစ်သွားမှာပေါ။့

သူများတကာရဲ့စကားလုံးတွေကြောင့်
ကိုယ့်ဘ၀ဆုံးရှုံးသွားရတာ
ကံကြမ္မာကြောင့်မဟုတ်ပါဘူး သားရယ်။

ကိုယ့် ရဲ့ဘ၀ အမြင်
ချွတ်ချော်တိမ်းစောင်းနေလို့ပါ။

အမြန်ဆုံးပြုပြင်လိုက်ပါကွယ်။
အောင်မြင်မှုတွေကသားကို
စောင့်ကြိုနေပါလိမ့်မယ်

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ဒီလို စာစုလေးတွေက တိုက်ဆိုင်မှု ရှိတဲ့အခါမှာ ဖတ်ရင် ပိုပြီး အဓိပ္ပါယ်ပြည့်ဝ နေသလိုဘဲနော်။

    ခင်မင်လျက်

    ReplyDelete
  2. ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြောဆိုတဲ့ဒဏ်တွေကို ကြံ့ကြံ့ခံရင်း ကိုယ့်ရဲ့ယုံကြည်ချက်ကို မပျောက်မပျက် ထိန်းသိမ်းနိုင်မှသာ အောင်မြင်မှုနဲ့အဆုံးသတ်မှာပေါ့ကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အောင်မြင်ချင်တဲ့သူက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ လိုပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။