ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကန်းဇော်ပင်အကြောင်း သိကောင်းစရာ


ကျွန်မ ပန်းကဗျာနဲ့ မေ16 ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်မှာ တရားစခန်းဝင်ခဲ့ပါတယ်. . . . တရားစခန်းမှာ ပထမပိုင်း ရက်တွေမှာတော့ တရားထိုင်ချိန်တွေ ဆက်တိုက်နဲ့ ညတရားပွဲပြီးတာနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ. ဘာမှ မလုပ်နိုင်ပဲ အိပ်ရာထဲ ရောက်သွားတာပါပဲ. . . တရားစခန်းနောက်ဆုံးနေ့ညမှာတော့ တရားစခန်းက အဆောင် အသီးသီးမှာ ဓမ္မမိတ်ဆွေတွေ အားလုံးက မတိုင်ပင်ပဲနဲ့. . . ဟိုတစ်စု ဒီတစ်စု နဲ့ စကားဝိုင်းတွေ ဖွဲ့ဖြစ်ခဲ့တာပေါ. . .

ကျွန်မတို့နေတဲ့ အဆောင်မှာပဲ ပုသိမ်တက္ကသိုလ် ၊ရုက္ခဗေဒ ဌာနက မမိုးမိုးလွင်ဆိုတဲ့ အမတစ်ယောက်နဲ့ စကားတွေ ပြောဖြစ်ရင်း ခုတစ်လောအဖြစ်များနေတဲ့ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ် . . . အဲဒီအမ က ထားဝယ်သူပါ. . . သူက ပုသိမ်တက္ကသိုလ်မှာ တာဝန်လာကျတာပါ. . . အမ က သူတို့ ထားဝယ်ဖက်မှာ ပေါက်တဲ့ ကန်းဇော်ပင်အကြောင်းကို ပြောပြခဲ့ပါတယ် သူကိုယ် တိုင် သူ့ရဲ့ စာတမ်း (Thesis) ကို ကန်းဇော်ဆီနဲ့ စမ်းသပ်ပြီး Ph.D အတွက် စာတမ်းတင်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်. . . . အဲဒီအကြောင်းကို မမိုးမိုးလွင်က 2009-2010 ပုသိမ်တက္ကသိုလ် မဂ္ဂဇင်းမှာ ရေးသား ထားတယ် လို့ ကျွန်တို့ကိုပြောပြပါတယ် . . ကျွန်မလည်း မမိုးမိုးလွင်ကို ကန်းဇော်ဆီအကြောင်းကို ကျွန်မတို့ ဘလော့ဂ်မှာ ဖော်ပြချင်လို့ ခွင့်တောင်းခဲ့ပါတယ် အမက လည်း ခွင့်ပြုခဲ့ပါတယ်. . . .

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၏ မြောက်ဘက် (၁၇) မိုင်အကွာ ထားဝယ်-ရန်ကုန်သွား ကားလမ်းမကြီးဘေးတွင် ရှိသော ရေဖြူမြို့နယ်၊ မြွေရိုးကျေးရွာ၊ မာန်သင်းတောင်ပေါ်တွင် ပေါက်ရောက်လျှက်ရှီသော ကန်းဇော်ပင် လူသိထင်ရှားပြီး ဒေသခံပြည်သူများက ၄င်းအပင်၏အသီးအတွင်းရှိ အစေ့မှထွက်သော အဆီသည် အဓိကပစ္စည်းအဖြစ်ပါဝင်၍ ၄င်းအဆီကို မြန်မာတိုင်းရင်းဆေးမြီးတိုအဖြစ် (Remedy in traditional Medicine) ကင်ဆာနှင့် အခြားရောဂါ အမျိုးအမျိုးအတွက် သောက်ဆေး၊လိမ်းဆေးအဖြစ် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရပါသည်. .

ထားဝယ်မြို့၏ အနောက်ဘက် (၁၇) မိုင်အကွာ လောင်းလုံမြို့နယ်၊ ညင်းထွေးကျေးရွာတွင်လည်း ၄င်းအပင်၏ အသီးအတွင်းရှိ အစေ့မှ ထွက်သော ကန်းဇော်ဆီကို တိုင်းရင်းဆေးအဖြစ် သုံးစွဲလျက်ရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်. . ၄င်းမြို့နယ် (၂)ခုတွင် ပေါက်ရောက်သော ကန်းဇော်ပင်မှာ အပင်ကြီးမျိုးဖြစ်၍ အပင်၏သက်တမ်းမှာ နှစ်(၁၀၀) ခန့်ကြာမြင့်နိုင်ပါသည်. . အပင်၏အမြင့်မှာ ပေ(၁၀၀) ကျော်ရှိသော်လည်း အသီးနှင့်အပွင့်တို့၏ အရွယ်အစားမှာ ရေမြေအနေအထား ( Adaptation) အရ ကွာခြားချက်အနည်းငယ်ရှိ သည်ကို တွေ့ရှိရပါသည်. . .

သို့သော ၄င်းအစေ့မှထွက်သော အဆီ(Oil) ၏အကျိုးအာနိသင်မှာ တူညီကြောင်းကို စမ်းသပ်တွေ့ရှိရပါသည် . . ကန်းဇော်ပင်သည် (၅)နှစ်သား အရွယ်တွင် လုံးပတ် အရွယ်အစားမှာ (၂ပေခွဲမှ ၃ပေ) ရှိမှသာ အသီးစတင် သီးလေ့ရှိကြောင်းကို သိရှိရပါသည်. . ထို့အတူ နှစ်(၁၀၀) ခန့်ရှိ၍ ပေ(၁၀၀) ကျော်မြင့်သော ပင်စည်၏ လုံးပတ် အရွယ်အစားမှာ (၆ပေမှ၇ပေ)ခန့်ရှိ၍ အသီးများ ဝေေ၀ဆာဆာ သီးကြောင်း တွေ့ရှိခဲ့ပါသည်. .

၎င်းအပင်ကိုရေဖြူမြို့နယ်တွင် ကန်းဇော်အမည် တစ်မျိုးတည်းခေါ်သော်လည်း လောင်းလုံမြို့နယ်တွင် ၄င်းကို ကန်းဇော်၊ တောင်မင်းဂွတ်၊ သစ်ကြမ်းပိုး ဟု အမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြပါသည်. . .. အကြောင်းမှာ ၄င်းအဆီ၏ အနံ့သည် ကြမ်းပိုးအနံ့ရှိသောကြောင့် ဖြစ်ပါသည်. . . ၄င်းမြို့နယ်တွင် အပင်တစ်ပင်၏တန်ဖိုးမှာ ကျပ် တစ်သိန်းခန့်ရှိပါသည်. . ကန်းဇော်ပင်၏အသားသည် နီညိုရောင်ရှိ၍ သစ်မာအမျိုးအစားဖြစ်ပါသည်. . အပင်တစ်ပင်လျှင် အိမ်တစ်လုံးခန့်ဆောက်လုပ်နိုင်ပါသည်. . . ကန်းဇော်ပင်၏ ပင်စည်အပိုင်းအစများကို ၄င်းရွာများတွင် ဘုရားဆင်းတုအဖြစ် ထုလုပ်ကိုးကွယ်ကြပါသည်..

ကန်းဇော်ပွင့်၏ အရွယ်အစားမှာ (၁.၅) စီတီမီတာခန့်ရှိ၍ အရောင်မှာ နို့နှစ်ရောင် (Cream Color) ရှိပြီး အသီး၏ ပုံသဏ္ဍာန်မှာ ခရေသီးနှင့်တူ၍ အသီးအတွင်းအစေ့မှာ မြေပဲဆန်နှင့် ပုံသဏ္ဍာန် တူသည်ကို လေ့လာတွေ့ရှိရါသည်. . . ၄င်းအစေ့ကို အမှုန့်ကြိတ်၍ ကန်းဇော်ဆီကို ထုတ်လုပ်ရောင်းချ ကြောင်းသိရှိရပါသည်. . ၄င်းအသီးတစ်တင်းကို ထုခွဲလျှင် အစေ့ (၄) ပြည်သာ ရရှိပြီး ၊ ၄င်းအသီး၏အခွံမှာ မာကြောသောကြောင့် တူနှင့်ထုခွဲရပါသည်. . ၄င်းအပင်၏ မြေပေါ်ပိုင်း (Vegetative) နှင့် မျိုးပွားသည့်အပိုင်း (Reproductive) များ၏ လက္ခဏာများအရ ၄င်းအပင်သည် မျိုးရင်း (Family) Sapotaceae တွင် ပါဝင်ပြီး မျိုးစု (Genus) Payena၊ မျိုးစိတ် (Species) Paralleloneura ဖြစ်ပါသည်. .

ထးဝယ်မြို့နယ်နှင့် အနီးတ၀ိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင် အမျိုးအစားမှာ ကုန်းပေါ်တွင်သာ ပေါက်ရောက်သောကြောင့် ကုန်း ကန်းဇော် အမျိုးအစားဖြစ်ပါသည်. . . မြိတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် တ၀ိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ်တွင် ပေါက်ရောက်သဖြင့် ရေ ကမ်းဇော် အမျိုးအစားဖြစ်ပါသည်. . . . ကုန်းကန်းဇော်နှင့် ရေကန်းဇော်ပင်တို့ အရွက်၊ အပွင့်နှင့် အသီး၏ ပုံသဏ္ဍာန်များမှာ ရေမြေအနေအထား အရ ခြားနားသော်လည်းထွက်ရှိလာသော အဆီ၊အနံ့နှင့် အကျိုးအားနိသင်မှာ အတူတူပင်ဖြစ်ပါသည်. . .

ကန်းဇော်ပင်၏ အရွက်၊ ပင်စည်၊ အခေါက် နှင့် အစေ့များကို Solvents အမျိုးမျိုးဖြင့် Extractsဲပြုလုပ်၍ ရရှိလာသော Extracts များနှင့် ကန်းဇော်ဆီကို အပူလောင်ခြင်း ၊ နို့်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာအိမ်အနာ ၊ လေဖြတ်ရေဂါ၊ အဆုတ်ပြွန်ရောင်ရမ်းခြင်း၊ အင်ပြင်၊ ရင်ဘတ်အောင့်နာဒဏ်ရာ ၊ အနာစိမ်း၊ ဖျားနာရောဂါ၊ ၀မ်းလျှောခြင်း၊ ၀မ်းကိုက်ခြင်း၊ ပြည်တည်နာ၊ နာတာရှည် အဆုတ်ရောဂါ နှင့်ဆီးလမ်းကြောင့်ရောဂါ များဖြစ်စေသော ဘက်တီးရီးယားများနှင့် စမ်းသပ်သောအခါ အစိတ်အပိုင်းအားလုံးတွင် အကျိုးအာနိသင့် ရှိကြောင်း လေ့လာတွေ့ရှိရပါသည်.

သို့သော်အစေ့နှင့် ကန်းဇော်ဆီတွင် အခြားသော အစိတ်အပိုင်းများထက်ပို၍ အကျိုးအာနိသင်ရှိကြောင်းကို စမ်းသပ် လေ့လာတွေ့ရှိရပါသည်. . . ၄င်းကန်းဇော်ဆီနှင့် ကန်းဇော်စေ့မှ ထုတ်သော Watery Extracts များကို ကြွက်ဖြူ များနှင့် အဆိပ်ရှိမရှိ စမ်းသပ်ရာတွေ အဆီအား (40ml/kg) (Water extract(14gm/kg) ဆေး Dose ဖြင့်တိုက်သော်လည်း ကြွက်ဖြူများ သေဆုံးခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါသည်. . . ထို့ကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီ စစ်စစ်ကိုသာ ရရှိခဲ့လျှင် ကင်ဆာနှင့် အခြားရောဂါအမျိုးမျိုးအတွက် စိတ်ချလက်ချ သောက်သုံးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်. .

၎င်းကန်းဇော်ဆီတွင် ဘေးထွက်ဆိုးကျိုး (Side Effect) များ သိရှိရန်အတွက် ရည်ရွယ်၍ ၄င်းအပင်၏ ပြင်ပရုပ်သွယ် ၊ အတွင်းသဏ္ဍာန် ၊ ဓာတုဗေဒပစ္စည်းများ ၊ ကြွက်ဖြူများနှင့် အဆိပ်စမ်းသပ်ခြင်း၊ အစာအိမ်အနာ စမ်းသပ်ခြင်း နှင့် အစာအိမ်အနာဖြစ်သောအခါ ၄င်းအစာအိမ်မှ Acid မည်မျှထွက်သည်ကို တွက်ချက်ခြင်း၊ ၄င်းအစေ့ထဲတွင် မည်သည့် ဒြပ်ပေါင်း များပါင်နေကြောင့် သိရှိရန်အတွက် . . လေ့လာ၊ ကွင်းဆင်း၊ စမ်းသပ်သုတေသန ပြုလုပ်ခဲ့ပါသည်. . .

အခွင့်အခါသင့်လျှင်လည်း မြန်မာပြည်သူ၊ ပြည်သားများအားလုံးအတွက် ရည်ရွယ်၍ ကင်ဆာနှင့် ရောဂါ အမျိုးမျိုး ပျောက်ကင်းစေရန်အတွက် ထပ်မံ စမ်းသပ်ချက်များ ပြုလုပ်ချင်ပါသည်. . . . ၄င်းလေ့လာတွေ့ရှိချက်များအရ ၄င်းကန်းဇော်ဆီအားမြန်မာတိုင်းရင်း ဆေးအနေနှင့် လိမ်းဆေး၊ သောက်ဆေး အဖြစ် သုံးစွဲနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်. .

ဒေါက်တာမိုးမိုးလွင်
လက်ထောက်ကထိက
ပုသိမ်တက္ကသိုလ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

8 comments:

  1. အဲဒီအပင်အကြောင်း အခုမှ ကြားဖူးတယ်။
    စနစ်တကျနဲ့ သုတေသနလုပ်နိင်ခဲ့ရင် ဆေးဖက်ဝင် အပင်တွေ အများကြီး
    ထပ်တွေ့လာအုံးမယ်လို့ ထင်ပါတယ်။

    ReplyDelete
  2. ကန်းဇော်ပင်အကြောင်း ဖတ်ရင်း တခုတွေးမိတယ် နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်နေတဲ့ နာမည်ရ အမေရိကားက သဘာဝတိုင်းရင်းဆေးပညာ DR's Secret မှာ ဖော်စပ်ထားတဲ့ အခြေခံကုန်ကြမ်းတချို့ဟာ မြန်မာပြည်မှာ လှိုင်လှိုင်ပေါပေါထွက်နေတဲ့ ကုန်များဖြစ်တာတွေ့ရပါတယ် မြန်မာပြည်မှာလဲ သုတေသနနဲ့ နည်းပညာပိုင်းသာ စွမ်းဆောင်နိုင်မယ်ဆိုရင် ကန်းဇော်ပင်လိုပဲ အများအတွက် အကျိုးရှိမဲ့ ဆေးများ ပေါ်ပေါက်လာမှာပဲနော်။

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)May 16, 2011 at 9:15 AM

    စစချင်းတော့ ကန်းဇော်ပင်ဆိုလို့ ကိုယ်မသိတဲ့ အပင်တစ်မျိုးဘဲလို့ ထင်လိုက်တာမိတာ
    နောက်တော့မှ အခေါ်အဝေါ်မတူတာ သိလိုက်တယ်
    ဟုတ်တယ် တို့ဘက်မှာတော့ သစ်ကြမ်းပိုးလို့ခေါ်တယ်။
    သူ့အရွက်တော့ မဆလာထုပ်တွေမှာ ပါလေ့ရှိတယ်။ ဟင်းချက်ရာမှာထည့်သုံးကြတယ်။ ခုလို အဲဒီအပင်အကြောင်း စုံစုံစေ့စေ့ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။ ဆေးဘက်ဝင် သဘ၀ပေါက်ပင်အရင်းအမြစ်ပေါကြွယ်လှတဲ့ မြန်မာပြည်ပါဘဲ။

    ReplyDelete
  4. ပြီးခဲ့တဲ့ February 2011 လောက်က Netherlands ရောက် မြန်မာပြည်သား အဆုတ်ကင်ဆာ ဖြစ်လို့  ဆေးရုံတက် ကုသမှုခံယူတော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေက ခင်ဗျားအများဆုံး နေရမှ သုံးလတဲ့ ...ခင်ဗျားဘယ်ပြန် သေချင်လည်း
    လို့  လူနာကိုမေးတယ်၊ လူနာက ကျွန်တော် မစဉ်းစား သေးဘူး လို့ ပြန်ပြော လိုက်
    တယ်။ တစ်နေ့ သူတက်နေ တဲ့ဆေးရုံကို ထားဝယ်သား တစ်ယောက် လူနာမေး
    ရောက်လာပြီး ကန်းဇော်ဆီ ၂ ပုလင်း ပေပြီး စမ်းသောက်ကြည့် ဖို့ ပြောတယ်...
    ဒါနဲ့ ပဲသောက် စသောက်ဖြစ် လိုက်တာ ယခုအချိန် (February 2012) အထိပါပဲ ..... လူနာအဆိုအရ ကီမိုကြောင့် ဆံပင်ကျွတ် ခဲ့တဲ့ခေါင်း အခုဆံ
    ပင်တွေ ပေါက်လာပြီတဲ့၊ ပြီးတော့ ... ကင်ဆာအကြိတ်ကလည်း ကန်းဇော်ဆီ အစွမ်း
    ကြောင့် မကြီးလာတော့ဘူးလို့  ပြောပြတယ်။

    ReplyDelete
  5. ကျွန်မမှာ အစာအိမ်ေ၇ာဂါ၇ှိသည်။ ဆ၇ာဝန်ပြသသော်လည်း ခဏတာ သက်သာပါသည်။ ထို့ကြောင့် ယခု ကန်းဇော်ဆီအကြောင်း ဖတ်ကြည့်သောအခါ အလွန်စိတ်ဝင်စားပါသည်။
    သို့သော် မည်ကဲ့သို့ မှာယူအသုံးပြုနိုင်မည်ကို မသိသဖြင့် ဆက်သွယ်ပေးစေချင်ပါသည်။
    ကျေးဇူးတင်စွာဖြင့် beyonthedream@gmail.com

    ReplyDelete
  6. ကျွန်မမှာ အစာအိမ်ေ၇ာဂါ၇ှိသည်။ ဆ၇ာဝန်ပြသသော်လည်း ခဏတာ သက်သာပါသည်။ ထို့ကြောင့် ယခု ကန်းဇော်ဆီအကြောင်း ဖတ်ကြည့်သောအခါ အလွန်စိတ်ဝင်စားပါသည်။
    သို့သော် မည်ကဲ့သို့ မှာယူအသုံးပြုနိုင်မည်ကို မသိသဖြင့် ဆက်သွယ်ပေးစေချင်ပါသည်။
    ကျေးဇူးတင်စွာဖြင့် beyonthedream@gmail.com

    ReplyDelete
    Replies
    1. မြိတ် ကမ်းဇော်ဆီစစ်စစ် ရောင်းဝယ်ရေး Page မှာ ကြည့်ပါ
      ဖုန်း - 09422196968/09422193768/0949216169

      Delete
  7. မြိတ် ကမ်းဇော်ဆီစစ်စစ် ရောင်းဝယ်ရေး Page မှာ ကြည့်ပါ
    ဖုန်း - 09422196968/09422193768/0949216169

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။