ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့



သမီး

Let Bygones be bygones
ပြီးခဲ့တာတွေ ပြီးပါစေတော့. . . .တဲ့။
ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့
နာကြည်းစရာတွေ မကျေနပ်မှုတွေ
အနိုင်ကျင့် စော်ကားခံခဲ့ရတာတွေ
အထင်သေး နှိမ့်ချခံရတာတွေကြောင့်
အလွယ်တကူ မမေ့ပျောက်နိုင်ဘဲ
တအုံနွေးနွေး နဲ့ စိတ်ကို ဒုက္ခမပေးမိစေနဲ့. .

အငြိုးသို ရန်လိုပြီးကလဲ့စားချေဖို့
ကြံစည်ကြိုးပမ်း စိတ်မနွမ်းစေနဲ့။
စိတ်ဆင်းရဲစရာတွေ ခေါင်းထဲရောက်နေရင်
ပျော်ရွှင်စရာအတွက် နေရာမရှိဘူး ဖြစ်တတ်တယ်. . .
ဒါကြောင့် . . . ဘာကိစ္စပဲ ဖြစ်ဖြစ်
ခွင့်လွှတ်သင့်တာ ခွင့်လွတ် ၊ မေ့သင့်တာ မေ့ပါ. . . .
ပြီးခဲ့တာတွေ မှန်သမျှ ပြီးသွားပါစေတော့. . .
စိတ်ထဲမှာ အကြွင်းအကျန် ချန်မထားပါနဲ့. .
ဒါမှ သမီးလေး စိတ်ချမ်းသာ နိုင်မှာပေါ့ . .
ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. နာကြည်းစရာ မကျေနပ်စရာတွေကိုအလွယ်တတူ မေ့နိုင်ဖို့ကြိုးစားတာ အကောင်းဆုံးပါဘဲ
    ဒါပေမဲ့ သိပ်ခက်တယ်

    ReplyDelete
  2. မှတ်သားလောက်တဲ့ ကဗျာကောင်းလေး ဖတ်သွားတယ် အရာရာကို လစ်လျူရှုနိုင်ရင်တော့ စိတ်ဖိစီးမှုလည်း လျော့သွားမှာပေါ့နော်

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကောင်းသောနှစ်သစ်မင်္ဂလာပါ။
    ကဗျာလေးက တိုပေမယ့် အဓိတ်ပယ်ပြည့်စုံလွန်းလှပါတယ်။
    စာဖတ်သူ၇ဲ့ ၇င်ထဲကို ထိေ၇ာက်လွန်းလှပါတယ်။
    ဒါပေမယ့် လိုက်နာနိုင်ဖို့တော့ ခက်မယ်လို့ထင်ပါတယ်။
    ကျေးဇူးတင်စွာဖြင့် ...........

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။