ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘဒ္ဒ၀ဂ္ဂီ ညီနောင်တို့ မိန်းမရှာရင်း ဘုရားနှင့်တွေ့၍ တရားရပုံ



ဗုဒ္ဓမြတ်စွာသည် ဗာရာဏသီမှ ဥရုဝေလတောသို့ ပြန်၍ကြွတော်မူစဉ် ခရီးအကြား၌ တောအုပ်တစ်ခုသို့ဝင်၍ သစ်ပင်အောက်မှာ ထိုင်နေတော်မူသည်. . ထိုအချိန်မှာ ကောသလမင်းနှင့် အဘတူဖြစ်သော ဘဒ္ဒ၀ဂ္ဂီ ညီနောင် ၃ ကျိပ်တို့သည် ထိုတောအတွင်းသို့ ပျော်ပွဲစားလာကြရာ ဇနီးမရှိသော မင်းသားတို့ခေါ်လာသော ပြည်တန်ဆာမသည် ထိုမင်းသားတို့ မေ့မေ့လျော့လျော့နေစဉ် ဘဏ္ဍာထုပ်ကိုယူ၍ ထွက်ပြေးလေသည်။

ထိုမိန်းမကို အားလုံးလိုက်၍ရှာကြရာ ဗုဒ္ဓအနီးသို့ရောက်သွားသဖြင့် "မိန်းမတစ်ယောက် မမြင်လိုက်ပါလား " ဟုမေးကြလေသည်. . ဗုဒ္ဓက "မိန်းမရှာမှုနှင့် ကိုယ့်ကိုယ်ရှာမှု ထို၂ခုတွင် အဘယ်ရှာမှုက မြတ်သနည်း. " ဟုမေးတော်မူ၍ "ကိုယ့်ကိုယ်ရှာမှုက မြတ်ပါသည် " ဟု လျှောက်ကြသော မင်းသားတို့အား ကာမ၏ အပြစ်နှင့်တကွ သစ္စာလေးပါးကို ဟောပြသဖြင့် တရားရ၍ ရဟန်းပြုကြလေသည်။

BHADDA-VAGGIYA BROTHERS WENT SEARCHING FOR A WOMAN AND WERE CONVERTED BY THE BUDDHA

The buddha went back from Benarse to Uruvela, and on his way he entered a grove and sat under a tree. At that time, thirty Bhadda-vaggiya brothers, who were born of the same father as King Pasenadi of Kosala, were sporting with their wives in that grove. One of them had no wife and they had brought a courtesan for him, but while they were not noticing she had taken their bag of valuables and fled.

They came seeking her, and when they came near the Blessed One they inquired, "Did you not see a womna?" "What do you think, young men." Buddha replied, "Which is better for you, to go in search of woman or to go in search of your selves?" The brothers admitted, " It is better to go in search of oneself." Buddha then told them to sit down and preaching to them the evils of sendual indulgence, converted and ordained them as monks of the Holy order.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ဒီလိုစာလေးတွေ မဖတ်ရတာ ကြာနေပြီ ... ကျေးဇူးတင်လိုက်တာ ...

    ReplyDelete
  2. ဘုရားလက်ထက်တော်ကဇာတ်တော်လေးတွေ ရေးသားဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါကွယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။