ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချောင်းဆိုး အအေးမိခြင်း


ခုတစ်လော ကျွန်မ ပန်းကဗျာ နေမကောင်းဖြစ်ပြီးကတည်းက ချောင်းဆိုးတာ ကျန်ခဲ့ပါတယ်. . . ဘာဆေးသောက်သောက် အနေအထိုင် အစားအသောက် မဆင်ခြင်လို့လား မသိဘူး ဒီချောင်းဆိုးက မပျောက်ဘူးဖြစ်နေတယ် ဒါနဲ့ ချောင်းဆိုးရခြင်း အကြောင်းအရာလေးတွေ လိုက်ဖတ်ရင်းနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်. . . .

ချောင်းတဟွတ်ဟွတ်ဆိုးနေခြင်းမှာ အပူများပြီး အစာအိမ်မှ အက်စစ်ဓာတ် ထုတ်လုတ်မှုများခြင်းကြောင့် ဖြစ်နိုင်ပါတယ်. . . အက်စစ်ဓာတ်ကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးများကို မှီဝဲဖို့လိုပါတယ်. .

အကယ်၍ ချောင်းခြောက်ဆိုးခြင်း၊ ၀မ်းခေါင်းသံ ပါခြင်းများ ဖြစ်ခဲ့ရင်တော့ အအေးမိခြင်းကြောင့် လည်းကောင်း၊ လည်ချောင်းယားယံမှုကြောင့်လည်းကောင်း ဖြစ်နိုင်ပြန်တယ်. . . ထိုအခါမျိုးမှာ ချောင်းဆိုးပျောက်ဆေး(သို့) ချောင်းဆိုးခြင်းကို ထိန်းချုပ်ပေးနိုင်သော ဆေးများ သောက်သုံးနိုင်သော်လည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း (သို့) ဆေးအညွှန်းကို သေချာ ဖတ်ရှုပြီးမှသာ သုံးစွဲသင့်ပါတယ်. . . ၄င်းဆေးအမျိုးအစားအများစုမှာ ငိုက်မျဉ်းစေတတ်သောကြောင့် ဖြစ်တယ်. . .

ရေနွေးငွေ့ရှုရှိုက်ခြင်း၊ ရေနွေးပူပူကို မကြာခဏ ခပ်များများ သောက်သုံးပေးခြင်းကလည်း သက်သာစေသည့် နည်းလမ်း တစ်ခုပါပဲ . . ချောင်းဆိုးနေစဉ်မှာ ဆီနှင့် ကြော်ထားသည့် မည်သည့် အစားအစာ မဆို (လည်ချောင်း ပိုယားယံစေ၍) ခပ်ဝေးဝေးက ရှောင်ကြဉ်ပါ. . .

ချောင်းဆိုးသံက တရွှီရွှီ မြည်သံ ထွက်နေရင်တော့ ရင်ကျပ်ရောဂါ ပျော့စား ဖြစ်ဖို့ အစပျိုးနေတာ ဖြစ်နိုင်ပါတယ်. . ထိုသို့ဖြစ်လျှင် ဆရာဝန်ထံ အမြန်ပြသပါ . . . ချောင်းဆိုးရာမှ ပါလာသော သလိပ်သည် အ၀ါရောင်၊ စိမ်းဖန့်ဖန့် အရောင်ဖြစ်နေပါက ဗိုင်းရပ်စ်ပိုးသော်လည်းကောင်း ရင်ကျပ်ရောဂါကြောင့်သော် လည်းကောင်း ဖြစ်နိုင်သည့် အပြင် နမိုးနီးယား၏ လက္ခဏာ တစ်ရပ်လည်းဖြစ်ပါတယ်. . . ၂၄ နာရီထက်ပိုပြီး ဆက်တိုက်ဆိုးနေပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ပဋီဇီဝဆေး (antibiotics) များ မှီဝဲသင့်ပါတယ်. .

လွပ်လပ်စိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. မြစ်ကျိုးအင်းApril 23, 2011 at 9:06 PM

    ကျွန်တော်တော့ ချောင်းဆိုးရင် ရေနွေးပူပူ တစ်ချိန်လုံး သောက်နေတော့တာပါပဲ။ နေမကောင်းဖြစ်ချင်ရင်လည်း ရေများများ သောက်ဖြစ်တယ်။ ကိုယ့်ဘာသာတော့ အနာနဲ့ဆေးတည့်လို့ ဆေးခန်း မသွားရတာ နှစ်နဲ့ချီ ကြာနေပြီ။

    ReplyDelete
  2. တတ်နိုင်သလောက် အအေးရှောင်ပါ။ (ဥပမာ- ရေချိုးတဲ့အခါ မြန်မြန်ချိုးတာမျိုး၊ ရေကို တစ်နေ့ အကြိမ်ရေ လျှော့ချိုးတာမျိုး၊ Aircon လျှော့သုံးတာမျိုး)
    အစားအစာကို အချိန်မှန်စားပါ။
    အစာအိမ်မှ အက်စစ်ဓါတ်အများအပြားထုတ်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ယူဆရသဖြင့် omeprazole ကဲ့သို့သောအစာအိမ်ဆေးမျိုးကို မှီဝဲသင့်ပါသည်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။