ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိတ်ဖွင့်ပေးသောကဗျာ

ဖြစ်ကြပျက်ကြ ၊ နိယာမကို
သင်က ဘာကြောင့် ကြောက်သနည်း။

လက္ခဏာရေးသုံးပါး၊ ထိုတရားကို
တို့ကား ရှောင်ကွင်း၊ မရခြင်းကို
သွင်းထားနှလုံး ၊မှတ်ယူသုံး၍
နိဂုံးချုပ်လျှင်၊ အမှန်မြင်က
ရင်၌အေးမြ ချမ်းမြေ့မည်။

စိတ်ဓာတ်ကိုမြှင့်၊ ရင်ကောဖွင့်၍
အသင့်ရင်ဆိုင်၊ တိုက်ပွဲနိုင်အောင်
ခိုင်မာဆုံးဖြတ် မတ်မတ်ရပ်ပါ။

ဖြတ်သန်းခရီး ၊ ကန္တာရကြီးတွင်
ချွေးသီးချွေးပေါက်၊ တောက်တောက်ယိုကျ
ဘ၀တွေ့ကြုံ ၊ သင်၌စုံ၏။

ရတတ်သမျှ၊ သင့်ဘ၀တွင်
လောက်ငခြိုးခြံ၊ အနေမှန်လျက်
တရားဖက်မြဲ၊ သင့်ရောင့်ရဲပါ၊
သင့်ပွဲ၌လျှင်၊ သင်အောင်မြင်လိမ့်။

ဖြစ်ကြ ပျက်ကြ၊ နိယာမကို
သင်က ဘာကြောင့် ကြောက်သနည်း။ ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။