ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့



သမီး
တစ်ချိန်ချိန်မှာတော့ သမီးလေးဟာ
ဘ၀အဖော်မွန် ရှာပြီး အိမ်ထောင်ပြုပေလိမ့်မယ်။
အဲ့ဒီလို အိမ်ထောင်ပြုတဲ့အခါ
အိမ်ထောင်ဖက် အရွေးမမှားဖို့
သတိထားရလိမ့်မယ်. . .နော်

ချစ်တာတစ်ခုတည်းကြည့်ပြီး မရွေးသင့်ဘူး.
ညီအစ်ကို မောင်နှမ ဆွေမျိုးများတဲ့
အုပ်စုကြီးထဲကို ၀င်မိတဲ့အခါ
အားလုံးနဲ့ အဆင်ပြေဖို့ သိပ်မလွယ်လှဘူး

မိဘ သိပ်ချစ်တဲ့သူ ယူမိတဲ့အခါ
သူ့မိဘတွေနဲ့ ကိုယ်က ပေါင်းရတော့မှာ
သူ့မိဘတွေက ကိုယ့်အပေါ်အမြင်စောင်း
ကိုယ်ကလည်း သူတို့အပေါ် အကောင်းမမြင်တဲ့အခါ
ပြည်ပန်းညို ချိုပါလျက် ဆားကဖျက်တဲ့ ကိန်းမျိုး
ကြုံကြိုက်ရတတ်တယ်

ချစ်လို့ ယူပြီးကာမှ မိဘဆွေမျိုး
ညီအစ်ကို မောင်နှမတွေနဲ့ အဆင်မပြေလို့
လင်မယားချင်း စိတ်ဝမ်းကွဲပြီး
ကွဲကွာ ခွဲခွာရရင် မကောင်းဘူးပေါ့နော်
ဒါကြောင့် မယူခင်က သေချာမေး
သေချာရွေးပါလို့ ဖေဖေ သတိပေးချင်တယ်

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. စာလာဖတ်ပါတယ်
    flowerရေးးးးးးးးးး
    အင်း ဘယ်လိုပြောရမလဲမသိဖူး ဒါတော်တော်များများ ပြောတတ်ကြတဲ့သတိပေးခြင်းပါနော်
    အင်း မိမိဖြစ်တည်လာတဲ့မိသားစုရယ် မိမိတည်ဆောက်လိုက်တဲ့မိသားစု နှစ်ခုလုံးပေါ်စိတ်ချမ်းသာအောင်ထားနိုင်တဲ့သူကတော့တကယ်လေးစားစရာပါပဲ။
    ဒါလည်း အဖက်ဖက်ကနားလည်တတ်တဲ့မိသားစုမျိုးမှဖြစ်မယ်ထင်တာပါပဲ။
    လူတစ်ယောက်ကိုအသက်ရှင်စဉ်စိတ်ချမ်းသာစေချင်တဲ့စိတ်ဓါတ်လေးကလည်းအတော့်ကို....... သေမှနောင်တရနေလည်း ဘဝဆိုတာက ပြီးသွားပြီနော် တချို့ က သေတောင်နောင်တမရတာမျိုး တွေမြင်ဖူးတာ အတ္တရဲ့ သားကောင်တွေပဲပြောရမလားနော်
    လူမသေခင် ဘဝတွေသေသွားတဲ့အခြေနေတွေကလည်းကြောက်စရာ မြင်ကွင်းတွေပါ။
    တွေးရင်းကော်မန့် ရှည်ရေးမိပြီး)
    ပျော်ရွှင်သောသင်္ကြန်ရက်နှင့်အတူ နှစ်သစ်မှာစလို့ ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပါစေ
    သက်ြန်ရေနံသာရေအေးအေးကိုအောင်သပြေခတ်လေးနဲ့ဖြန်းလိုက်ပါကြောင်း .....

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။