ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ချမ်းသာခြင်း



No man is happy who
does not thank himself so.

စိတ်မချမ်းသာဘူးလို့ ထင်နေသမျှ
ဘယ်သူမှ ပျော်ရွှင်မှုကို ရမှာ မဟုတ်ပါဘူး။

လူတွေရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေထဲမှာ
ပျော်ရွှင်မှုမပါတဲ့ ဆက်ဆံရေးဟာလဲ
ခြောက်ကပ်ကပ် နိုင်လှပါတယ်။

ပျော်ရွှင်မှုမပါတဲ့ အလုပ်ဟာလဲ
လူကို ပိုပြီးတော့ ငြီးငွေ့စေပါတယ်
ပျော်ရွှင်မှု မပါဘဲ အောင်မြင်ရေးဟာ
လူကို ပိုပြီး အထီးကျန်စေပါတယ်။

ဒီတော့ လူဟာ
ပျော်ရွှင်မှုကို ရှာကြံပြီး ယူရပါတယ်
ရှာကြံပြီး ပျော်ရွှင်မှုကို ယူတယ်ဆိုလို့
သင်တို့အနေနဲ့ အပျက်သဘောကို မတွေးရပါဘူး ။

စိတ်ကြည်လင် အေးချမ်းတာကိုပြောတာပါ
ပျော်ရွှင်မှုကို တခြားမှာ သွားရှာစရာမလိုပါဘူး
သင်တို့ နေ့စဉ် ဆက်ဆံနေတဲ့ လူတွေ
သင်တို့ နေ့စဉ် လုပ်နေတဲ့အလုပ်
သင်တို့ နေ့စဉ် သွားနေတဲ့ လမ်းကြောင်း
အဲဒီ ဖြတ်သန်းမှုတွေထဲမှာပဲ စိတ်အေးချမ်းမှု ကိုရှာရပါတယ်. .

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပူလောင်မှု မရှိတဲ့ စိတ်ကို ခေါ်တာပါ
အဲဒီတော့ သင်တို့အနေနဲ့ ကိုယ့်ဘဝ
ပျော်ရွှင်အောင်
ငြိမ်းချမ်းအောင်
တိုးတက်အောင်
စိတ်အေးချမ်းသာစွာဖြင့် လုပ်ရင် ပိုပြီးတော့ အောင်မြင်တယ် ဆိုတာပါပဲ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

6 comments:

  1. ပျော်ရွှင်မှုဆိုတာ ပှုလောင်မှုမရှိတဲ့စိတ်ကိုခေါ်တာ ..
    သိပ်မှန်တဲ့စကားပါဗျာ ....

    ReplyDelete
  2. မှန်လိုက်လေ ပန်းကဗျာ။ အပြစ်ကင်းတဲ့ ပျော်ရွှင်မှုမျိုး ဖြစ်အောင် လုပ်ယူကြရမှာပါ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ပဲ ဖန်တီးရမှာပေါ့။ ကိုယ်ပျော်ရွှင်ရင် ပါတ်ဝန်းကျင်လည်း အပျော်တွေ ကူးစက်လာမှာမို့ ကိုယ်တိုင်ကပဲ စတင်ရမှာပေါ့လေ။

    ReplyDelete
  4. လင့်ပြန်ချိတ်ထားလိုက်တယ်ဗျို့ ( ဝဲတက်လာရင်တော့ ဖြုတ်လိုက် တပ်လိုက်ပေါ့လေ)

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)February 26, 2011 at 9:03 AM

    ပူလောင်မှုမရှိတဲ့ ပျော်ရွှင်ခြင်း..
    အင်းနော် .
    ပျော်ရွှင်ငြိမ်းချမ်းအောင် ကြိုးစားနေရမှာပေါ့။
    ကြိုးစားကြည့်ပါမယ်

    ReplyDelete
  6. လူမှန်ရင် ပြုံးတတ်ရမယ် ပျော်ရွင်ခြင်းကို ခံစားသိရမယ်ဗျ။ အဲဒီလိုမှ မဟုတ်ရင် တခုခုတော့ လွဲနေပြီဗျ ဟုတ်တယ်နော် ပျော်ရွှင်မှုဆိုတာ လူတစ်ယောက်အတွက် တကယ်လိုအပ်တာ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။