ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့



He that can have patience; can have what he will.
စိတ်ရှည် သည်းခံနိုင်တဲ့ သူဟာ သူလိုချင်တာကို ရနိုင်သတဲ့

တစ်ခါတစ်ရံ ဘ၀မှာ စိတ်ရှည် သည်းခံနိုင်မှုဟာ သိပ်လိုအပ်တယ်. . .
စိတ်မရှည် လို့ သည်းမခံနိုင်လို့
လိုချင်တာကိုရဖို့ မစောင့်ဆိုင်းနိုင်တဲ့ အတွက်
လက်လွတ် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ
ဖေဖေ့ကိုယ်တွေ့ပါ သမီးရယ်. . .
နည်းနည်းလေး စိတ်ရှည်ပြီး သည်းခံလိုက်ရင်
ကိုယ်လိုချင်တာ ရတော့မယ်ဆိုတာ သိရက်နဲ့
စိတ်တိုပြီး လှည့်ထွက်ခဲ့မိလို့
လိုချင်ရတာတွေနဲ့ လွဲခဲ့ရဖူးပါတယ်. . .

သမီးလေးလည်း ဖေဖေ့လို ဖြစ်မှာ စိုးတယ်. .
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို
ခဏလောက် အချိန်ပေးပြီး
စိတ်ရှည် သည်းခံ စောင့်ဆိုင်းလိုက်ပါကွယ်. . .
လိုချင်တာတွေ ရလာပါလိမ့်မယ်. . .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


4 comments:

  1. သမီးလေးဖတ်ဖို့ဆိုတော့ ဟောဒီကလည်း သမီးလေးပဲလေ ... လာဖတ်သွားပါတယ် မေလေး

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)February 23, 2011 at 10:50 PM

    စိတ်ရှည်ဖို့ အများကြီးကြိုးစားရပါဦးမယ်
    ဆိုင်မှာ တစ်ခုခုစားရင်တောင် ကြာရင် စိတ်မရှည်ဘဲ ထပြန်တတ်တဲ့သူပါ
    စိတ်ရှည်တာဟာလည်း အရည်အချင်းတစ်မျိုးပါဘဲ

    ReplyDelete
  3. အများကြိးကြိုးစားရအုံးမှာပါလားနော်...စိတ်ရှည်ရှည်ထားဖို့..

    ReplyDelete
  4. ဟုတ် သမီးကြိုးစားပါ့မယ်း)

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။