ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သံသရာဆိုတာ


"ဒေါက်. . . . ဒေါက်. . . ဒေါက်"

"ဘယ်သူလဲ"

ကျွန်မက မေးလိုက်ပါတယ်. .

"သေမင်းပါ. . "

တံခါးလည်းဖွင့်၊ ကျွန်မလည်း အပြင်ထွက်ပြီး ပြောလိုက်ပါတယ်. . .

"ကဲ . . . လာသွားကြစို့. . "

"မင်းဘာမှ မယူတော့ဘူးလားကွ . ."

ကျွန်မယူရင်လည်း သူက ထားခဲ့ခိုင်းမှာပါ. . . အပိုစကားတွေ လာပြောနေမှန်းသိသာပါတယ်. .

"ဟင့်အင်း . . သိပ်ကြာမှာမှ မဟုတ်ဘဲ . . . ဒီနေရာမျိုး ပြန်ရောက် ဦးမှာပဲဟာ. . . "

ပြောပြီးပြီးချင်း သူ့အဖြေကို မစောင့်ဘဲ ကျွန်မသူ့ရှေ့က လျှောက်နှင့်လိုက်ပါတယ်. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

5 comments:

  1. သေမင်းထက် ခြေတစ်လှမ်းအသာပေါ့။ ကောင်းတယ်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  2. ကြယ်ပြာFebruary 18, 2011 at 12:39 PM

    ဒီလိုလုပ်နိုင်ရင် အကောင်းဆုံးပဲနော် ...

    ReplyDelete
  3. အဆင်သင့်ပဲပေါ့..
    ဟဲဟဲ မိုက်တယ်..။

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)February 19, 2011 at 8:15 AM

    သေမင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်ကြတာဘဲ
    ကောင်းတယ် ကိုယ့်အလှည့်မှာ ဒီလို ရဲရင့်နိုင်ပါ့မလားမသိ
    ပြန်စဉ်းစားမိတယ်။

    ReplyDelete
  5. သံသရာလည်တဲ့ကြောင်းလေးပါလား
    ခက်တာက ပြန်ကိုမလာချင်တော့တာ ဟူးးးး သံသရာတွေမလည်ချင်တော့ဖူး စိတ်ကုန်လာပြီး ဟူးးးးးးးးးး နောင်ဆိုးဆိုးလာမယ့်ခေတ်တွေနဲ့မဆုံချင်တော့ဖူးလေ။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။