စာတွေ အမြဲတမ်းဖတ်ပြီး အလုပ်လုပ်နေရတဲ့သူတွေ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ အမြဲတမ်း စာရင်းတွေတွက်၊ စာတွေရေးပြီး အလုပ်လုပ်နေရတဲ့သူတွေဟာ ကြာရင် ဇက်ကြောတက်လာတတ် ပါတယ်. . . လူတွေဧာ ဇက်ကြောတက်လာရင် ဆေးသောက်လေ့ရှိပါတယ်. . ဆေးဆိုတာကလည်း အမြဲ သောက်ရင် မကောင်းဘူး . . . ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဇက်ကြောတက်ခြင်းကိုသာမက ကျီးပေါင်းတက်ခြင်း ကိုပါ ကာကွယ်ပေးမယ့် ယောဂကျင့်စဉ်ကို ဖော်ပြလိုက်ရပါတယ်. .
ပြုလုပ်နည်းကတော့ -
(၁) ဒူးထောက်၍ ထိုင်ပါ။
(၂) ညာဘက်လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်ပါ
(၃) ဘယ်ဘက်လက်ကို ညာဘက်လက် တံတောင်ဆစ်အောင်မှ ၀ိုက်၍ အပေါ်တည့်တည့်သို့ ထောင်လိုက်ပါ
(၄) ဘယ်ဘက်လက်ကို အားစိုက်၍ ဆန့်ထားသော ညာဘက်လက်ကို ဘယ်ဘက်သို့ ဆွဲလိုက်ပါ
ထိုအခါ ညာဘက်လက်သည် ရင်ဘတ်ရှေ့တည့်တည့်တွင် ကပ်၍ တစ်တန်းတည်း ဖြစ်နေရပါမည်.
(၅) မျက်နှာကို ညာဘက်သို့လှည့်လိုက်ပါ
ဤပုံစံအတိုင်းနေ၍ အသက်ကို ပုံမှန်ရှုသွင်းရှူထုတ်လုပ်ပါ. . . ၀င်လေ၊ ထွက်လေ တစ်ကြိမ်လျှင် ၁ ဟုမှတ်၍ ၁မှ ၁၀၀ အထိမှတ်ပါ
(၆) ပြီးလျှင် ဘက်ပြောင်း၍ ပြုလုပ်ပါ. .
မှတ်ချက်
-ဆန့်ထားသောလက်သည် ပခုံးနှင့် တစ်တန်းတည်းဖြစ်နေရမည်
-ခန္ဓာကိုယ် ကြွက်သားများကို အားပြုမထားပါနှင့် .
အကျိုးကျေးဇူး
-လက်မောင်းတစ်လျှောက် နှင့် လည်ကုတ်တစ်လျှောက်ကို သွေးလည်ပတ်မှု ကောင်းစေ၏
-အာရုံကြောများကို နိုးကြားမှု ဖြစ်စေ၏
- ဇက်ကြောတက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းကို ကာကွယ်ပေး၏
နန်းဆုကေဆွမ် ယောဂ သင်တန်း
Health Digest Journal
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အဲဒီကောင်မလေး တော်တော်လှသားဘဲ။ အဲ...ယောင်လို့ ဇက်ကြောတက်ကာကွယ်နည်းလေးက အရမ်းကောင်းဘဲ။ လုပ်ကြည့်ရဦးမယ်။
ReplyDeleteခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကျေးဇူးနော်။ ပုံထဲကတစ်ယောက်ကလှတယ်ဗျို့း)
ReplyDeleteသာယာချမ်းမြေ့ပါစေရှင်း
မိုး
ပုံထဲက မော်လ်ဒယ် နန်းဆုကေဆွမ် ပါ ချောတယ်နော်..
ReplyDeleteကျေးဇူတင်ပါတယ်..အမြဲတမ်းဇက်ကြောတက်နေလို့ပါ.နေမကောင်းဘူး...
ReplyDelete