ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရှာဖွေစူးစမ်း. . . .








၁၃.၁၂.၂၀၁၁ ရက်နေ့ ညနေခင်းမှာ ပုသိမ်မြို့ကမ်းနားလမ်းတွင် ကာလီမယ်တော် ဘုရားပွဲတော် ကျင်းပခဲ့ပါတယ်. . . .

ကာလီမယ်တော် ပွဲတော်အကြောင်းကိုတော့ ပွဲတော်ကျင်းပရာသို့ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး အားမေးကြည့်ရာတွင် . . . .

ဘုရားပွဲတော်အား တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း . . အဲဒီပွဲတော်မှာ ပါဝင်မည့် သူများက သူတို့ ဘုရားကျောင်းမှာ (၇)ရက် ဥပုသ်စောင့်ရပါတယ်. . . ဥပုသ်စောင့်ပြီးလျှင် ကမ်းနားမှာ ရေချိုး ၊ ရေချိုးပြီးလျှင် . . . သံချွန်များဖြင့် သူတို့ကိုယ်ပေါ်တွင်ထိုးပြီး ဘုရားပွဲတော်ကို ကျင်းပခဲ့တယ် လို့သိရပါတယ် ဘုရားပွဲတော်တွင် ဥပုသ်စောင့်သူများမှာ မီးနင်းပွဲတော်ကို လည်းကျင်းပခဲ့တယ် လို့သိရပါတယ်. မေ16 တို့လည်း သွားကြည့်ပြီး. . ဓာတ်ပုံများ လက်လှမ်းမှီ သလောက် ရိုက်ခဲ့ပါတယ်.. . .


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. အဝေးကနေတော့ မြင်ဘူးတယ် .. ကြားဖူးတာက ဥပုသ်စောင့်ပြီး ခုလို အပ်ထိုးတာတို့ မီးနင်းတာတို့ဆို မနာဘူ မပူဘူး ဆိုတာ ဟုတ်လား ..

    ReplyDelete
  2. ဟုတ်တယ် မိုးခါး . . ဥပုသ်စောင့်ပြီးလုပ်ရင် ဘာမှ မဖြစ်ဘူးတဲ့

    ReplyDelete
  3. စစ်သွားမတိုက်ခင် ဥပုသ်စောင့်သွားမှထင်တယ်..း))
    စာတွေလာဖတ်သွားတယ်အစ်မ.. ကျေးဇူးပါ..။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။