ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသည်းလေး. . . ကျန်းမာစေဖို့



လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အသည်းနှလုံး ကျောက်ကပ် ကလီစာတွေ အားလုံးက တစ်ခုချင်းစီ အရေးကြီးပါတယ်. . . အဲသည်ထဲမှာမှ နုနုလေးဖြစ်တဲ့ အသည်းရဲ့ကျန်းမာရေးကို ကျွန်မတို့ ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်. . . . ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ ကမ္ဘာဆန်လာခြင်း ဖြစ်စဉ်ထဲမှာ ဆန်းကြယ်တဲ့ ရောဂါပိုးတွေ ထွန်းကားလာခြင်းကြောင့်ဖြစ်ပါတယ်. . .. အသည်းအကြောင်းပြောရရင် အစာခြေရင်လည်း သူ့ခမျာ ပါဝင်ရတယ်. . . အဆိပ်ဖြေဖို့ဆိုရင်လည်း အသည်းခမျာ ပါရပြန်တယ် . . . ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ၀င်လာပြီဆိုရင်လည်း အသည်းခမျာ မနေသာပြန်ဘူး. . . .

အသည်းမှာ တစ်စုံတစ်ခု စဖြစ်ပြီဆိုတဲ့အခါ လူတွေက ချက်ချင်းသိလေ့မရှိကြပါဘူး . . . အသည်းရောင်တဲ့ အခါမှာ အစပိုင်းမှာ နာတာကိုလည်း မသိသေးပါဘူး အသည်းရဲ့ အရွယ်အစားကြီးပြီး အသည်းကို ဖုံးအုပ်ထားတဲ့ အမှေးကြီးတင်းလာတဲ့ အခါမကျမှ ညာဘက်နံရိုါ်အောက်က နာတာကို သတိပြုမိကြတယ်. . . အဲသည်လိုမှ မဟုတ်ရင်လည်း အသည်းရဲ့ ဆဲလ်တွေ ပျက်စီးပြီး လုပ်ငန်းဆောင်တာတွေ ပျက်စီးကာမှ အသားဝါတာ သတိထားမိတာမျိုးလည်း ဖြစ်တတ်ပါတယ်. . . တချို့သော အသည်းဝေဒနာရှင်တွေမှာကျတော့လည်း အသည်းခြောက်ကပ်နေပြီး နောက်ဆက်တွဲ ရေဖျဉ်းစွဲလာတဲ့အခါကျမှ သိတာတွေ့ရပါတယ်. .

ကျွန်မတို့ဆီမှာ အသည်းရောင် အသားဝါဘီ၊ စီပိုးစသည်ဖြင့်ကြားလာရတာ ဆယ်စုနှစ် တစ်ခုလောက်ပဲ ရှိပါသေးတယ်. . . . ကာကွယ်ဆိုးထိုးဖို့ဆိုရင်လည်း တော်တော်လေး ပညာပေး ရပါတယ်. . ဆေးဝါးရဲ့ ဈေးနှုန်းကြီးမြင့်တာကြောင့်လည်း ပါပါတယ်. . . . . . အသည်းရောင်ရောဂါများ ဟာ အစားအသောက်၊ သွေးသွင်းမှု၊ ဆေးထိုးအပ်တစ်ချောင်းတည်း သုံးမှုများမှ ရောဂါကူးစက်နိုင်ပါတယ်. .

အသည်းက သူ့ရဲ့တစ်နေ့တာ ပင်ပန်းထိခိုက်ထားသမျှကို လူတွေ အိပ်တဲ့အချိန်မှာ ပြန်ပြီး အားအင်ပြန်ဖြည့် ပြုပြင်ပါတယ်. . အိပ်ခါနီးမှာ တ၀တပြဲထပ်စားရင် အသည်းခမျှာ မနားရဘဲ တောက်လျှောက်ဆက်ပြီး အလုပ်တွေ လုပ်နေရပါတယ်. . . . အဆီအဆိမ့်တွေ သိပ်များတာကလည်း အသည်းကို ၀န်ပိစေပါတယ် . . . အစာကြေလွယ်ပြီး အာဟာရဖြစ်စေနိုင်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်၊ မုန့်ခြောက်များ ကိုရွေးစားပေးရင် အသည်းကို သက်ညှာရာကျပါတယ်. . . .

အဆီများလွန်းတဲ့ အစားအသောက်၊ ဆေးဆိုးထားတဲ့ အစားအစာ၊ ရေရှည်ခံအောင် စီမံထားတဲ့ အစားအစာ ၊ ငရုတ်သီးခြောက်၊ တို့ဟူးချဉ်၊ ပိုးသတ်ဆေး တို့ကတော့ အသည်းကို ဒုက္ခပေးပါတယ်. . . ပိုးသတ်ဆေးဖျန်းထားတဲ့ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်တွေကို ရေစင်အောင် မဆေးရင်လည်း အသည်းကို အန္တရယ် ပေးပါတယ်. . .

အသည်းကျန်းမာအောင် အနေအထိုင်၊ အစားအသောက်၊လေ့ကျင့်ခန်းစတဲ့ မရိုးနိုင်တဲ့ အရာတွေနဲ့ပဲ ပြန်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်. . . အရက်သေစာမသောက်ဖို့၊ အိပ်ရေးပျက် အလွန်အကျွံ့မခံဖို့၊ ဆေးထိုးအပ် ဘုံမသုံးဖို့၊ ဆံပင်ညှပ်တဲ့အခါ တစ်ခါသုံးဓားသုံးဖို့စသည်တို့ကို သတိထားရမှာ ဖြစ်ပါတယ်. လူ့သက်တမ်းမှာ သက်တမ်းစေ့ကျန်းမာစွာ နေထိုင် အသက်ရှင်ဖို့ အသည်းလေးရဲ့ ကျန်းမာရေးကို အမှန်တကယ် စောင့်ရှောက်တတ်စေချင်ပါတယ်. . .

ဒေါက်တာ စပယ်ပွင့်ဖြူ

အားလုံးကိုချစ်ခင်လေးစားလျှက်...





8 comments:

  1. အသည်းလေး ကျန်းမာဖို့...

    အရက် ဘီယာကို အလွန်အကျူး မသောက်ကြစေဖို့လည်း သတိပေးအုံးလေ...

းဝ)

    ReplyDelete
  2. သတိပေးဆောင်းပါးလေးအတွက် ကျေးဇူးဘဲ သယ်ရင်းရေ...
    တစ်ခါတစ်ခါ ညာဘက်ဗိုက်နံရံနာဖူးတယ်။ လေကြောင့်ဘဲဖြစ်မယ်ထင်တယ်။ တစ်ရက်လောက်ကြာပြီးရင် ပျောက်သွားတတ်တယ်။
    အခု ဒီပို့စ်လေးဖတ်မိမှဘဲ ပိုလန့်လာသလိုဖြစ်လာပြီ။ ပိုပြီးကျန်းမာရေးအတွက် ဆင်ခြင်ရတော့မယ်။

    ReplyDelete
  3. အမရေ ကျန်းမာရေးအတွက် ဖတ်သင့်တဲ့ အကြောင်းအရာလေးပါပဲ မျှဝေပေးတော့ ကြိုတင်သတိထားနိုင်တာပေါ့နော်

    ReplyDelete
  4. မေမေနေကောင်းပါတယ်
    အသဲလေးကိုဂရုစိုက်ပါ့မယ်မမ

    ReplyDelete
  5. ဒီနေ့ ကစပြီး ...ကိုယ့် အသည်းလေး ကို
    တအား ဂရု စိုက်ပါတော့မယ်...(Liver)ကိုပြောတာ
း )
    ပျော်ပါစေ
    *.*.*

    ReplyDelete
  6. အသိစောခဲ့ရင် ကျုပ်အသည်းလေး ကောင်းဦးမှာ

    ခုတော့ နောက်ကျသွားပြီ ဒေါ်စပယ်ပွင့်ဖြူရေ

    ကျန်လူများ အသိစောကြစေ။

    ReplyDelete
  7. အင်း... အသည်းလေးကို ပိုပြီး ဂရုစိုက်ရတော့မှာပေါ့လေ။ အခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့... ကြက်အသည်းတို့ ဝက်အသည်းတို့ စားတဲ့လူတွေရောဟင်.. ရောဂါပိုးတွေ ပါမလာနိုင်ဘူးလား?

    ReplyDelete
  8. ဟုတ်တယ်
    အသည်းလေး ကျန်းမာဖို့ လိုတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။