ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အဝေးဆုံး



အဝေးဆုံး


မိုးပြာကောင်းကင်၊ ဤမြေပြင်မှ
အမြင်လည်းဝေး၊ ခရီးဝေး၏။

မဟာသမုဒ္ဒရာ၊
ဟိုမှာဘက်ကမ်း၊ သည်ဘက်ကမ်းလည်း၊
မြင်စွမ်းမသာ ဝေးလှစွာတည့်။

ထို့ထက်ပိုစွာ၊ ဝေးသည်မှာကား
"မေတ္တာစင်ဖြူ၊ ပန်းနှယ်ကြူသည့်
သူတော်စင်မြတ်၊ သူ့စိတ်ဓာတ်" နှင့်၊
"ကွေ့ပတ်လိမ်ညာ၊ သူယုတ်မာ၏
မိစ္တ္ဆာပိတ်ဖုန်း၊ စိတ်နှလုံး" လျှင်

ဆုံးစမထင်၊ လောကခွင်၌
အမြင်လည်းဝေး၊ ခရီးဝေးသည်
အဝေးတကာ့ အဝေးဆုံး၊
မြတ်ရှင်ဗုဒ္ဓ ဟောသည့်ထုံး။ ။

မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်...





10 comments:

  1. ကောင်းလိုက်တဲ့ ကဗျာလေးဗျာ.... ရေးထားတာ ကွက်ကွက်ကွင်းကွင်းကို မြင်လာပြီး နားလည်သဘောပေါက်လွယ်တယ်....... မျှဝေတာကျေးဇူးပါပဲ.....

    ReplyDelete
  2. အမက မြင်းမူမောင်နိုင်မိုး ကဗျာလေးတွေ ကြိုက်တယ်နော်။ အမြဲတမ်း မျှဝေပေးတယ်။ အခုလို တူးဖော်သူတွေ ရှိမှလည်း သိရတာပါ။ ကဗျာလေးက အရမ်းကောင်းတယ် အမ။
    ကျေးဇူးတင်ပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. ထို့ထက်ပိုစွာ၊ ဝေးသည်မှာကား
    "မေတ္တာစင်ဖြူ၊ ပန်းနှယ်ကြူသည့်
    သူတော်စင်မြတ်၊ သူ့စိတ်ဓာတ်" နှင့်၊
    "ကွေ့ပတ်လိမ်ညာ၊ သူယုတ်မာ၏
    မိစ္တ္ဆာပိတ်ဖုန်း၊ စိတ်နှလုံး" လျှင်...


    အစ်မရေ အဲဒီစာသားကို တော်တော်ကြိုက်မိတယ်...
    မျှဝေထားတာ ကျေးဇူး...

    ReplyDelete
  4. လေးနက်လိုက်တဲ့ကဗျာ....နော်။
    သမီးလဲ ဒီအပိုဒ်လေး သဘောကျတယ်။

    ထို့ထက်ပိုစွာ၊ ဝေးသည်မှာကား
    "မေတ္တာစင်ဖြူ၊ ပန်းနှယ်ကြူသည့်
    သူတော်စင်မြတ်၊ သူ့စိတ်ဓာတ်" နှင့်၊
    "ကွေ့ပတ်လိမ်ညာ၊ သူယုတ်မာ၏
    မိစ္တ္ဆာပိတ်ဖုန်း၊ စိတ်နှလုံး" လျှင်

    ဟုတ်တယ် အဲဒါတကယ့်အဝေးတကာ့ အဝေးဆုံးပဲနော်။
    မျှဝေပေးတာကျေးဇူးပါ ချစ်မတို့ရေ...

    ReplyDelete
  5. သူတော်ကောင်းနဲ့ သူယုတ်မာရဲ့ စိတ်ထား အကျင့်စရိုက်က ဘယ်လောက်အထိ ဝေးလဲဆိုရင် မှန်းလို့မရအောင်ကို ဝေးတာပါပဲနော်။

    ReplyDelete
  6. လားလားမျှ မဆိုင်ဆိုတာ ဒါနဲ့တူတယ်ဗျ

    ReplyDelete
  7. ကဗျာလေးအားပေးသွားပါတယ်
    အဆင်ပြေ ပျော်ရွှင်ပါစေ

    ReplyDelete
  8. ကဗျာကောင်းလေး တစ်ပုဒ် ဖတ်သွားတယ် အမရေ။

    ReplyDelete
  9. "မေတ္တာစင်ဖြူ၊ ပန်းနှယ်ကြူသည့်
    သူတော်စင်မြတ်၊ သူ့စိတ်ဓာတ်" နှင့်၊

    ဒီအပုဒ်လေးကိုအကြိုက်ဆုံးပဲ

    ReplyDelete
  10. ဆန့်ကျင်ဘက်တွေဆီ မျှားဦးလှည့်နေတဲ့ အဝေးဆုံးအရာနှစ်ခု။ တကယ်ကို ဝေးလှပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။