ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သက်ရှိအမဲသား



ညစ်ညစ်ပေပေနှင့် ခရီးသည် သုံးယောက်သည် ထမင်းဆိုင် တစ်ဆိုင်တွင် ၀င်ပြီး ထမင်းမှာကြား၏ နှစ်ယောက်က ထမင်းမှာပြီး အပြင်ခဏသွားရာ ကျန်လူမှာ မစောင့်နိုင်ပဲ ဆာဆာနှင့်စားလေ၏. . .

သူသည် အမဲသားကြိုက်သူဖြစ်၏. . . သူမှာ စားသောက်သော အမဲသားဟင်းမှာ မနူးသောကြောင့် သူစိတ်တိုင်းမကျပေ. . . . .

ထို့ကြောင့် "ကလေးမရယ် မင်းတို့ အမဲသားဟင်းကို မီးဖိုပေါ်မတည်ဘဲ မီးဖိုဘေးမှာ အရောင်ပြပြီး ခတ်ပေးတာလား ဟု ပြောသည်. . . "

ထမင်းဆိုင်မှ ကလေးများသည် သူဆိုလိုသော အဓိပ္ပါယ်ကို နားမလည်ကြချေ. . . . ထိုစဉ် အပြင်ထွက်သွားသော အဖော် နှစ်ယောက်ရောက်လာကြရာ. .

"အမဲသားဟင်းနဲ့တော့ မစားကြနဲ့ဦးဟေ့ "

"ဘာဖြစ်လို့လဲ. . အသားမကောင်းလို့လား မနူးလို့လား "

"အမဲသားက အသက်ရှိနေသေးတယ်. . သူ့ကိုပါးစပ်နဲ့ ကိုက်ပြီး ဆွဲဖဲ့တာ မကြိုက်ဘူး လက်ထဲက ရုန်းထွက်ပြီး ပါးရိုက်တယ်ဟ.. . . . . "

အားလုံးကိုချစ်ခင်လေးစားလျှက်...


12 comments:

  1. ဟာသကောင်းလေးဖတ်သွားတယ် စကားလုံး အသုံးအနှုန်းကြွယ်ဝတာကတော့ မှတ်သားလောက်ပါတယ်။ ပခန်းသားတို့ ချီးပါးသားတို့ရဲ့ ဟာသတွေ ပြန်သတိရမိတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. အမရေ.. ပြောတတ်လိုက်တာနော်။ ဟုတ်ပ... ရီလည်း ရီရတယ်..။ သေချာသာ ရှင်းမပြရင် နားလည်မှာ မဟုတ်ဘူး။
    မှတ်ထားတယ် အမ.. နောက်တခါ အသားဟင်းချက်လို့ မနှုးရင် အဲလိုလေး ပြောရမယ်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. ဟဟားးးးးးးးးးးးးးးး
    ရယ်ရတယ်။ အဒေါ်တွေ ချက်တဲ့အမဲသားဟင်း မနူးရင်တော့ ဒီလိုပြောရမယ်။ အဟဲ...

    ReplyDelete
  4. အမဲသားဟင်းက အတုံးကြီးပုံရတယ်နော်။းဝ

    ReplyDelete
  5. ရယ်စရာကောင်းသလို ဗဟုသုတလေးလည်းဖြစ်တယ် ညီမရေ။
    တကယ်ဆို သူမသိရင် သိအောင်မေးရမယ်လေ။ မမေးပဲ သူထင်တာကိုပြောမိတော့ အဓိပ္ပါယ်တစ်မျိုးဖြစ်သွားတာပေါ့
    ညီမ ဆိုလိုချင်တာတော့ ဘာလဲမသိပေမယ့် အမကတော့ အဲလိုလေး ယူဆမိတယ်။ မှတ်သားစရာလေးပါပဲ။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  6. :D
    ခုတလော ဟာသလေးတွေ ဖတ်ပြီး သဘောကျနေတာ
    အလုပ်များနေလို့ မမန့်ဖြစ် မမန့်ဖြစ် ဖြစ်နေတာ ..း))
    စာတွေ အမြဲ လာဖတ်ပါတယ် .. :D

    ReplyDelete
  7. ဒါဆိုရင်တော့ သေချာတယ်
    အမဲသားက Very Rare ဒါမှမဟုတ် Still Running ပဲ ဖြစ်ရမယ်..းးး)
    ပျော်ပါစေ
    *.*.*

    ReplyDelete
  8. ခေါင်းစဉ်ကြည့်ပြီး ဘာများလဲလို့ တွေးနေတာ
    ကြက်သားတွေ ရင့်နေရင်လည်း ကန်တော့ပြီးမှ စားရမယ်လို့ နောက်ဖြစ်ကြတယ်။ ကိုယ့်ထက်အသက်ကြီးချင် ကြီးနေမှာလေး)

    ReplyDelete
  9. ဆိုင်ရှင်ကိုသွားပြန်ပြောလို့ ပါးရိုက်ခံလိုက်ရတယ် ထင်နေသေးတာ...

းဝ)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။