ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပင့်ကူကောင်



"ပင့်ကူကောင်"

သံယောဇဉ် အစဉ်အဆက်ရယ်ကြောင့်
မာန်သဘောဝင် အခင်ရမ္မက်တွေနဲ့
အမျှင်ယှက်လို့ ကျစ်ကျစ်လိမ်။

ကြိုးပမာ ဇနီးမယား
တိုးလာတဲ့ သမီးသားတွေနဲ့
စီးပွား အတိုအထွာတွေကို
အပိုရှာ ကုန်းကွကွနဲ့
လိုရာရာ အသုံးချ
လုံးဝ မတင်းတိမ်။

အစေးအမျှင်တွေ ထုတ်ပါလို့
ချွေးပင်လျှင် မသုတ်နိုင်ဘူး
ရက်လုပ်ခဲ့ ငွေမျှင်အိမ်
နေ၀င်ချိန် အခါကျ။

ဘ၀ဆည်းဆာ
မရဏရယ် နီးလာပေမဲ့
မပြီးသာ သည်ကွန်ရက်ကြောင့်
တမလွန်အတွက် ကုသိုလ်ဗလာ
သူ့အလိုသာ အကြိုက်ပေးရသမို့
အမိုက်စေးမှာ အကျိုးယုတ်
မိုးချုပ် မလှ။

ဖျာပုံတင်နိုင်ဝင်း
အားလုံးကိုချစ်ခင်လေးစားလျှက်...

9 comments:

  1. အင်း... ဟုတ်တယ်... ဒီအမျှင်ကွန်ယက်တွေက ယက်လို့မပြီးနိုင်ပါလား.....

    ခင်မင်တဲ့
    ဂျပန်ကောင်လေး

    ReplyDelete
  2. အင်း...
    အကုသိုလ်က ကြီးတာကိုး......

းဝ)

    ReplyDelete
  3. တကယ်က အဲဒီထက်ဆိုးတယ်ဗျ... မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေလေ... ရေကိုဓါးနဲ့ခွဲသလို ခွဲရခက်တယ်ဗျ။

    ReplyDelete
  4. သံယောဇဉ် ဖြတ်ရခက်တော့ ကိုယ့်ရဲ့ ဘဝနိဂုံး အဆုံးသတ် မလှဘူးပေါ့နော်

    ReplyDelete
  5. ဟုတ်တယ်နော်...
    သို့သော်လည်း ပိုးဖလံမျိုးတို့ ကတော့
    မီးမှန်းသိလျက်နဲ့ တိုးသထက်တိုးရင်း
    အမျှင်တွေတသီကြီးနဲ့ပေါ့....
    ကဗျာကောင်းလေးပါပဲခင်ဗျာ...

    ReplyDelete
  6. သံယောဇဉ်... သံယောဇဉ်.. သံယောဇဉ်..
    ဘယ်တော့များမှ ဖြတ်နိုင်ပါ့မလဲ

    ReplyDelete
  7. ဟုတ်တယ်နော် အမ... ဘယ်တော့မှ မတင်းတိမ်နိုင်တဲ့ သယောစဉ်တွေက ပင့်ကူအိမ်တွေလိုပဲ.။

    ခင်မင်လေးစားလျှက်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။