ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပုသိမ်ထီး

ပုသိမ်ထီး
ပုသိမ်ထီး လုပ်ငန်းသည် မြန်မာ့လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီး ကိုအောက်မြန်မာပြည် ပင်လယ်ဆပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် စတင်လုပ် ကိုင်ခဲ့သောကြောင့် ပုသိမ်ထီးဟု အမည်တွင်ခဲ့သည်။
ပုသိမ်မြို့အနီးတ၀ိုက်တွင် သရကူခေါ် ၀ါးတစ်မျိုးအများအပြားထွက်သည်။ ထိုဝါးသည်ထီးလုပ်ရန် အကောင်းဆုံးဝါးဖြစ်သည်။ ပုသိမ်ထီးကို ၀ါးသက် သက်ဖြင့် သာလုပ်သည်။ ပုသိမ်ထီးတစ်လက် လုပ်မည်ဆိုသော် ထီးရိုး၊ထီးခရိုင်၊ ထီးရွက်တို့ ရရှိသည်။
ထို့အပြင် ထီးရွက်ကပ်ရန် ထီးလက်တံခေါ် ၀ါးစိတ်ငယ်များလည်း ရှိရသည်။ ထီးရိုး၊ထီးခရိုင်တို့ကိုဝါးဖြင့်ပြုလုပ်၍ ထီးရွက်ကို ပိတ်ဖြင့်ပြုလုပ်သည်။ဝါးကို ခွဲစိတ်၍ ထီးခရိုင်၊ထီးလက်တံတို့ လုပ်ရန်ဓားဖြင့် ချောမွတ်အောင် အချော သပ်ရသည်။ ထို့နောက် ထီးခရိုင်များနှင့် ထီးလက်တံ ၀ါးစိတ်ငယ်များကို ထီးရိုးနှင့် တွဲမိအောင် စနစ်တကျတပ်ဆင်ရသည်။ထိုအခါ ထီးပုံအကြမ်းထည် ရလာသည်။
နောက်မှ ပုံကျအောင် ညှပ်ထားသော ပိတ်ကွက်ဖြင့် ထီးလက်ခံများ အပေါ်မှအုပ်၍ တင်းတင်း ဆွဲကပ်ရသည်။ ထိုထီးအမိုးပိတ် သားကို လှပအေင် ဆေးရောင်တို့ဖြင့် ပန်းပွင့်ပန်းနွယ်များ ရေးခြယ်ကြသည်။ခရိုင်တံများကိုလည်း ဆေးရောင်စုံချည်မျှင်များဖြင့် ထိုးရက်၍ လှပအောင် ဆေးရောင်စုံတို့ဖြင့် ပန်းပွင့်ပန်းနွယ်များ ရေုးုခြယ်ကြသည။် ရှေးအခါက ခရိုင်ပန်း ထိုးရာတွင် သိုးမွေး ချည်ဖြင့် ထိုးရက်သည်။ ယခုအခါတွင်မူ တိုင်းရင်းဖြစ် ၀ါဂွမ်းချည်ဖြင့်သာ ဆေးရောင်စုံဆိုး၍ အသုံးပြုကြသည်။ ပုသိမ်ထီးသည် ဆောင်းရာ၌ ပေါ့ပေါ့ပါးပါးရှိသည်။ကြည့်၍လည်း လှပေသည်။ ကျက်သရေလည်း ရှိသည်။သို့ရာတွင် ပုသိမ်ထီးကိုနွေနှင့်ဆောင်း ရာသီ၌သာ ဆောင်းနိုင်၍ မိုးရာသီ၌ မဆောင်းနိုင်ချေ။
သို့သော် မြန်မာ့လက်မှုလုပ်ငန်းတစ်ရပ်ဖြစ်သော ပုသိမ်ထီးလုပ်ငန်းသည် မပျောက်ကွယ်သင့်ပေ။ ယခုအခါ ပုသိမ်ထီးကို ပုသိမ်မြို့၏ အဓိကရလက်ဆောင် အဖြစ်ပေးကြသည်။ပုသိမ်မြို့၏ လှပသောရေမြေ သဘာဝနှင့်ပုသိမ်ထီးသည် ပနံရလျှက် ရှိနေပေသည်။

1 comment:

  1. ဟုတ်တယ်ဗျာ မကွယ်ပျောက်သင့်တဲ့ အရာပါပဲ
    ဗျာ ပြီးတော့ ဒိထက်လဲ ပိုတိုးတက်တဲ့နည်းပညာနဲ့ လုပ်သင့်နေပါပြီင်္
    ထိုင်းကထုတ်တဲ့ ပုသိမ်ထီးဒီဇိုင်းဆို လက်ရာသေသပ်ပြီ နိုင်ငံခြားသားတွေ အတော်သဘောတွေ့နေတယ်ဗျ။
    ကျနော်တို့ ပုသိမ်ထီးလဲ ဒါမျိုးဖြစ်သင့်ပြီဗျ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။