ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မုန်တိုင်းဒဏ်သင့် မိန်းမလှကျွန်း ငှက်မျိုးစိတ်သစ်ကိုးမျိုး ဖော်ထုတ်တွေ့ရှိ

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံစားခဲ့ရသော ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ရှိ နာမည်ကျော် မိန်းမလှကျွန်း ဘေးမဲ့တောတွင် မှတ်တမ်းမတင်ရသေးသည့် ငှက်မျိုးစိတ်သစ်ကိုးမျိုးကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့ကြောင်းကို မြန်မာနိုင်ငံငှက် ၀ါသနာရှင် အသင်းမှပြော ကြားခဲ့သည်။
အင်အားပြင်းသည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီး ငှက်မျိုးများ ပျက်စီးဆုံးရှုံးမှုနှင့် ကောင်ရေ လျော့မှုတို့နှင့်ပတ်သက်ပြီး လေ့လာသုတေသန ပြုကြစဉ် ငှက်မျိုးစိတ်သစ်ကိုးမျိုးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့မှာ . Collared Kingfisher (ပိန်ညှင်းမျိုးနွယ်)၊Chestnat-Winged Cuckoo, Red-wattled Lapwing (တစ်တီတူး)၊Ospray (၀ံလတ်)၊ Yellow Bitten (ဆတ်ဗျိုင်း)၊ Painted-Stork (ငှက်ကျား)၊ Ashy Drango(ငှက်တော် )၊ Blue-throated Flycatcher, Citrine Wagtail (မြီးညှောင့်မျိုးနွယ်ဝင် ) တို့ဖြစ်သည်။
ဧရိယာစုစုပေါင်း ၃၃၇၇၉ ဧက ကျယ်ဝန်းသည့် မိန်းမလှကျွန်း ဘေးမဲ့တောအတွင်း ငှက် ၁၁၁မျိုး၊ ခိုငှက် ၅၀မျိုး စုစုပေါင်း ၁၆၁မျိုးနှင့် ယခုအခါတွင် ငှက်မျိုးစိတ် ၉မျိုးကို ထပ်မံတွေ့ရှိခဲ့သဖြင့် ငှက်မျိုးပေါင်း ၁၇၀ မျိုးနေထိုင်လျက်ရှိပြီး ၅၀ %မှာ ရေပျော်ကမ်းခြေ ငှက်များ ဖြစ်ကြောင်း မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေး မှူးရုံမှတ်တမ်း များအရသိရှိ ရပါသည်။

သတင်း ၊ Living Color ( December 2008)

1 comment:

  1. ဘာငှက်လဲမသိဘူးလားဗျ။သိချင်လို့

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။