ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဗိုလ်မြတ်ထွန်းတံတား

ရန်ကုန်’’ နဲ့ “ပုသိမ်” မကွာ
ညောင်တုန်းမှာကူးတို့စီး
ခရီးကြန့်ကြာ၊
ခုများတော့ ညင်ညင်သာ
ရေဇလာ ဖြတ်ကျော်နင်း၊
တံတားပေါ် ယာဉ်တက်ဆင်း
ခရီးတာချဉ်း။

ခရီးသည် မြစ်တစ်ရိုး
ငုံ့လျှိုးရ ရေယာဉ်ခမျာ
မော်ကြည့်ရရှာ၊
ဖန်းတီးသည့် ဗိသုကာ
နည်းပညာမြင့်မား၊
မြန်မာပြည်မှာ ခုခါများ
အရှည်ဆုံးတံတား။

‘‘မွန်’’ ‘‘ဗမာ’’ “ကရင်” မခြား
တစ်သားတည်းစုစည်းကာ
ခံစစ်ဗျူဟာ၊
ဗိုလ်မြတ်ထွန်း ဦးဆောင်ကာ
ပြောင်မြောက်စွာ ချေမှုန်း၊
ကုလားဖြူ “တပ်” စုရုံး
လူ” “လက်နက်” သုံး။
ဓနုဖြူ ၀န်းကျင်တစ်ဝိုက်
ပိုက်စိပ်တိုက် ကွက်ပြည့်ရှာ
စစ်မောရရှာ၊
အရှက်ရ နယ်ချဲ့ခမျာ၊
ရှုံးခါခါ ကစဥ့်ကလျား၊
တိုင်းပြည်သူ ဂုဏ်ပြုထား
ဗိုလ်မြတ်ထွန်း” တံတား။

(ဗိုလ်မြတ်ထွန်း တံတားဖွင့်ပွဲကို ဂုဏ်ပြုလျက် “ ဗိုလ်မြတ်ထွန်း” အား ဦးညွှတ် အလေးပြုပါ၏)

တံတားအရှည် -၈၅၄၄ ပေ၊
စတင်တည်ဆောက်ချိန် -၁၅/၆/၉၆၊
ပြီးစီးသည့်ခုနှစ် -၁၅/၁၁/၉၉
တံတားအမျိုးအစား -သံမဏိသံဘောင်
တည်နေရာ -ညောင်တုန်းမြို့နယ်အရှေ့ကမ်းတွင်၊တောင်းတန်းရွာနှင့်အနောက်ဘက်ကမ်းတွင် ကြိမ်ပင်ဆည်ရွာ။

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။