ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြတ်စာပေ

စာပေစကား၊နာကြားလေ့လာ
ဖတ်မှတ်ဖန်များ၊ထူးခြားလွန်လိမ္မာ
မိုက်မှောင်ပယ်ခွါ ၊ပမာငွေလ
စာအုပ်စာပေ၊ လူ့မိတ်ဆွေ
ငှဝေအလင်းပြသည်နှင့်လေး။

စာပေထဲမှ၊ လောကကိုမြင်
နီတိကြောင်းကျိုး၊ကောင်းဆိုးနှိုင်းဆင်ခြင်
စာတွေ့နှင့်ယှဉ်၊ပြူပြင်လက်ငင်း
နောင်တမကြုံ၊ဤ လူ့ဘုံ
ပြည့်စုံအပြစ်ကင်းမည်တည့်လေး။

အမိုက်ခပင်း၊ပယ်ခွင်းအနိုင်ယူ
စာကြည့်တိုက်များ၊ဆင့်ပွားအလင်းလှူ
ညိှထွန်းပြိုင်တူ၊ ဆောင်ယူကူးဆက်
အနှံရွာပြည်၊အလင်းစီ
စုံညီဖွံ့ဖြိုးတက်သည်နှင့်လေး။

ရွှေအိုးနှင့်စက်၊သင့်တွက်ပညာ
ယူတက်ပါမှ၊ရလိမ့်ရတနာ
ယူခိုးမပါ၊ရှာမှီးသိုထား
တန်ခိုးလျှံဝေ၊မြတ်စာပေ
ရေရှည်အကျိုးပွားမည့်တည့်လေး။

မျိုးမြန်မာများ နိုးကြားအောင်မြင်
ကမ္ဘာဆင့်တန်း၊တက်လှမ်းယှဉ်လိုလျှင်
စာကိုခုံမင်၊တွင်တွင်ဖတ်ကြ
သူခြံကိုမြင်၊ကိုယ်ခြံပြင်
မြှင့်တင်လုပ်အားပြပါစို့လေး။

စာပေအမွေ ပွင့်ဝေသမျှ၊
ယူချိုးပန်ဆင်သင့်လှသည်။
စာပေမြင့်လေမှ လူမျိုးအမှန်ပင်တင့်ရမည်။

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။