ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စကားနှင့်ပတ်သက်သည့်အင်္ဂါရပ်များ

စကားအင်္ဂါရပ် များ
၁။ စကားစနိဒါန်း။
၂။ စကားရင်းအကြောင်းခံ။
၃။ ဥပမာ။
၎။ ၀တ္တူသာဓကသက်သေ။
၅။ နိဂုံးအဆုံးသတ်။
၆။ ဒိဌမျက်မြင်ကိုယ်တိုင် လုပ်ပြနိုင်ခြင်း။

စကားအင်္ဂါလေးပါး
၁။ အကျိုးရှိပြီး ကောင်းမြတ်သောစကား။
၂။ ချစ်ခင်နှစ်သက်ဖွယ်စကား။
၃။ တရားဓမ္မ နှင့်ယှဉ်သောစကား။
၎။ ဖြောင့်မှန်သော စကား။

စကားကြီး ဆယ်ခွန်း။
၁။ ရေကူးညာတင်ပြောနည်း။
၂။ ကောက်ပင်ရိတ်လှီးပြောနည်း။
၃။ ရေစီးဖောင်ဆန်ပြောနည်း။
၎။ အိုးတန်ဆန်ခတ်ပြောနည်း။
၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း။
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း။
၇။ တောင်သူယာခုတ်ပြောနည်း။
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း။
၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း။
၁၀။ ခက်တင်မောင်နင်းပြောနည်း။

စကားခြောက်ခွန်း
၁။ ဟုတ်မှန်သောလည်း သူတစ်ပါး မနာယူလို အကျိုးမှရှိသောစကား။
၂။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးရှိသောစကား။
၃။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။
၎။ ဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။
၅။ ဟုတ်မှန်သော်လည်း သူတစ်ပါး မနာယူလို အကျိုးရှိသောစကား။
၆။ ဟုတ်လည်းဟုတ် သူတစ်ပါးလည်းနာယူလို အကျိုးရှိသောစကား။

မယုံကြည်ဖွယ်စကားလေးမျိုး
၁။ နှစ်မျိုးနှစ်ခွပြောသောစကား။
၂။ မျက်ကွယ်၌ ပြောသောစကား။
၃။ အမျက်ဒေါသဖြစ်၍ ပြောသောစကား။
၎။ ကြိုတင်စည်းဝါးကိုက်ထား၍ ပြောသောစကား။

စကားအရာ အင်္ဂါဆယ်ပါး။
၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ မှန်ကန်သောစကားကို ပြောဆိုခြင်း။
၃။ တရားနှင့်ညီသော စကားကိုပြောဆိုခြင်း။
၎။ အကျိုးစီးပွားနှင့်ယှဉ်သော စကားကို ပြောဆိုခြင်း။
၅။ ချစ်ခင်နှစ်သက်ဖွယ်သော စကားကို ပြောဆိုခြင်း။
၆။ ပြုံးရယ်ရွှင်ပျစွာ စကားကိုပြောဆိုခြင်း။
၇။ မပိုမလို ချင့်ချိန်မျှတစွာ ပြောဆိုခြင်း။
၈။ အဆောတလျင် မပြောဆိုခြင်း။
၉။ မြို့ကြီးသား ပြည်ကြီးသားတို့ ပြောဆိုသုံးနှုန်းမှုနှင့် အညီပြောဆိုခြင်း။
၁၀။ တိကျပြတ်သား သေချာဂနစွာ ပြောဆိုခြင်း။

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။