ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အမြင်ကျယ်ရမယ်

အမြင်ကျဉ်းရင်
လမ်းကျဉ်းတတ်ပါတယ်. .

အောင်မြင်ချင်တဲ့ သူတွေမှာ
ရှိရမယ့် နောက်ထပ် အရည်အချင်းကတော့
အမြင်ကျယ်ရပါမယ်.. .

တကယ်တော့
ဟောဒီလောကကြီးဟာ အကျယ်ကြီးပါ. .
လူတွေကလည်း ရှင်သန်ပြောင်းလဲနေပါတယ်.
လူတွေ ပြောင်းလဲတော့
ပတ်ဝန်းကျင်တွေလည်း
ပြောင်းလဲလာပါတယ်. . .

အဲသည်လို အပြောင်းအလဲများပြီး
မြန်လည်း မြန်ဆန်လွန်းတဲ့ လောကကြီးနဲ့
ရင်ပေါင်တန်းပြီး ပြေးနေနိုင်မှ
ဘာတွေ ဖြစ်နေပြီလဲဆိုတာကို
သိနိုင် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်. .

သည်လိုမဟုတ်လို့ကတော့
ကျဉ်းမြောင်းတဲ့ အမြင်ကလေးနဲ့
သူတစ်ပါးတွေနောက်က
စမ်းတ၀ါးဝါး
သွားနေရပါမယ်. .

မရေရာတဲ့လမ်းကို
စမ်းတ၀ါးဝါး သွားတဲ့သူဟာ
ခရီးပေါက်နိုဖို့
ပန်းတိုင် ရောက်ဖို့ဆိုတာ
မလွယ်ကူသလို
မြန်လည်း မမြန်ဆန်နိုင်ပါဘူး . . .

ဒီတော့ . .
အောင်မြင်ချင်ရင် အမြင်ကျယ်ပါ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ပတ်ဝန်းကျင်လေ့လာမှုအားကိုမြှင့်တင်ပြီး
    လူသားတိုင်းဆင်ခြင်သုံးသပ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကြောင့်
    အောင်မြင်မှုတွေကိုရစေချင်ပါတယ် ပန်းကဗျာနဲ့မေတို့ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အမြဲတမ်းဖတ်ရှုနေပါသည်။

    ReplyDelete
  3. အမြင်ကျယ်ဖို့အတွက် ကိုယ့်အတ္တတွေလည်း လျော့ချဖို့လိုမယ်။ မှန်ကန်တဲ့အတွေးအခေါ်နဲ့ ပြည့်ဝတဲ့စိတ်နှလုံးသား ရှိရင် အမှားကိုအမှား အမှန်ကိုအမှန် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်နိင်မှာပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။