ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့

သမီး

မိန်းကလေးတစ်ယောက်ဟာ
ရုပ်ရည် ချောမောလှပမယ်
ပစ္စည်းဥစ္စာ ရှိမယ်ဆိုရင်
အခွင့်အလမ်းကောင်း များစွာနဲ့
အဆင်ပြေပြေ အသက်ရှင် နေထိုင်နိုင်လိမ့်မယ်..

ဥစ္စာလည်း မပေါ
ရုပ်ရည်လည်း မချောရင်တော့
အတတ်ပညာတစ်ခု ခုကို
ထူးထူးချွန်ချွန်တတ်အောင် ကြိုးစားပါ

ဥပမာ. .
အင်္ဂလိပ်စာ အသေအချာ တတ်တာမျိုး
ဆံပင်ညှပ် အလှပြင်တတ်တာမျိုး
တစ်မျိုးမျိုးတော့ တတ်မှ ဖြစ်မယ်

ကံမကောင်း အကြောင်းမလှလို့
ဘာအတတ်ပညာမှ လည်း မရှိဘူးဆိုရင်
ဘ၀ကို ဒေါင်ကျကျ ပြားကျကျ
ရင်ဆိုင်ရဲတဲ့ သတ္တိတော့ ရှိရလိမ့်မယ်
အဲ့ဒီသတ္တိမျိုး သမီးမှာ ရှိပြီလား. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. ဖေဖေရဲ့ စာလွှာတွေသမီးမဖတ်ရတာကြာပါပြီ
    အခုလိုပြန်ဖတ်ရတော့ လွန်ခဲ့သော ၁၅ နှစ်က အချိန်တွေကို ပြန်လိုချင်လိုက်တာ.... သမီး ၉ တန်း ၁၀ တန်း လောက်ကစဖတ်ရပြီး

    နောက်ပိုင်းစာအုပ်အသစ်တွေ ရှာတာမတွေ့တော့ဘူးနော်... ဖေဖေ စာအုပ်တွေ အများကြီးထက်ရေးပေးပါနော်... ခေတ်နဲ့အညီ ဖူးပွင့်လာတဲ့
    ညီမလေးတွေကို ဖတ်စေချင်လို့ပါ

    သမီးငယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။