အမြင်ကျဉ်းရင်
လမ်းကျဉ်းတတ်ပါတယ်. .
အောင်မြင်ချင်တဲ့ သူတွေမှာ
ရှိရမယ့် နောက်ထပ် အရည်အချင်းကတော့
အမြင်ကျယ်ရပါမယ်.. .
တကယ်တော့
ဟောဒီလောကကြီးဟာ အကျယ်ကြီးပါ. .
လူတွေကလည်း ရှင်သန်ပြောင်းလဲနေပါတယ်.
လူတွေ ပြောင်းလဲတော့
ပတ်ဝန်းကျင်တွေလည်း
ပြောင်းလဲလာပါတယ်. . .
အဲသည်လို အပြောင်းအလဲများပြီး
မြန်လည်း မြန်ဆန်လွန်းတဲ့ လောကကြီးနဲ့
ရင်ပေါင်တန်းပြီး ပြေးနေနိုင်မှ
ဘာတွေ ဖြစ်နေပြီလဲဆိုတာကို
သိနိုင် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်. .
သည်လိုမဟုတ်လို့ကတော့
ကျဉ်းမြောင်းတဲ့ အမြင်ကလေးနဲ့
သူတစ်ပါးတွေနောက်က
စမ်းတ၀ါးဝါး
သွားနေရပါမယ်. .
မရေရာတဲ့လမ်းကို
စမ်းတ၀ါးဝါး သွားတဲ့သူဟာ
ခရီးပေါက်နိုဖို့
ပန်းတိုင် ရောက်ဖို့ဆိုတာ
မလွယ်ကူသလို
မြန်လည်း မမြန်ဆန်နိုင်ပါဘူး . . .
ဒီတော့ . .
အောင်မြင်ချင်ရင် အမြင်ကျယ်ပါ. .
အိန်ဂျယ်(လ်)
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ပတ်ဝန်းကျင်လေ့လာမှုအားကိုမြှင့်တင်ပြီး
ReplyDeleteလူသားတိုင်းဆင်ခြင်သုံးသပ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကြောင့်
အောင်မြင်မှုတွေကိုရစေချင်ပါတယ် ပန်းကဗျာနဲ့မေတို့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမြဲတမ်းဖတ်ရှုနေပါသည်။
ReplyDeleteအမြင်ကျယ်ဖို့အတွက် ကိုယ့်အတ္တတွေလည်း လျော့ချဖို့လိုမယ်။ မှန်ကန်တဲ့အတွေးအခေါ်နဲ့ ပြည့်ဝတဲ့စိတ်နှလုံးသား ရှိရင် အမှားကိုအမှား အမှန်ကိုအမှန် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်နိင်မှာပါ။
ReplyDelete