ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မကွာသေး၍ မသိသေးပါ

တစ်နေ့သော် . . .

ဘိုးတော် ဦးဝိုင်းသည် အမတ်ကြီး ဦးပေါ်ဦးအား ခေါ်၍ မင်းကွန်းဘက်သို့ ကူးခဲ့သည်. . .

ဆောက်လုပ်ဆဲ ကောင်းမှုတော်များအတွက် အင်္ဂတေ ဖော်စပ်ရာတွင် ကောင်းသထက်ကောင်းစေရန် ရည်ရွယ်၍ မင်းတရားကြီးကိုယ်တော်တိုင် ပန်းရံဆရာများနှင့် တိုင်ပင် ဖော်စပ်စေသည်. .

"ပေါ်ဦး "

"ခစားလျက်ရှိကြောင်းပါ ဘုရား. . "

"ငါကိုယ်တော်တိုင် . . . ဖော်စပ်စေတဲ့ အင်္ဂတေများဟာ မာရဲ့ကောင်းရဲ့လားကွယ့် . . . "

မင်းတရားကြီး၏ စိတ်အလိုကို ဦးပေါ်ဦးက ကောင်းစွာ သိပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . မင်းတရားကြီး ကိုယ်တိုင် ဖော်စပ်တော်မူတဲ့ အင်္ဂတေများဟာ အန်မတန် မာလှ ကောင်းလှတဲ့ အတွက် မှို့တင်ကာ မီးခတ်လျှင်ပင် . . . မီးတောက်နိုင်ကြောင်းပါ ဘုရား . . . "

ဦးပေါ်ဦးက လျှောက်ထားသည်. . .

ဘိုးတော် ဦးဝိုင်းကလည်း ကျေနပ်သည်. .

"သဟာဖြင့် ပေါ်ဦးရဲ့. . . ပေါက္ကံပြည် ရွှေစည်းခုံ စေတီတော်က အင်္ဂတေနှင့်ယှဉ်လျှင် ဘယ်သင်းက ပို၍ သာမလဲကွယ့်. . . . "

"မှန်လှပါ အရှင်ဘုရား. . . ပေါက္ကံပြည် ရွှေစည်းခုံ စေတီတော်က အင်္ဂတေသည် မကွာသေး၍ အမှန်ကို မသိသဖြင့် မလျှောက်တတ်သေးပါ ဘုရား. . . . ."

အင်္ဂတေ၏ သဘောသည် ကွာကျတတ်သည်. . .

ရွှေစည်းခုံ စေတီတော်က အင်္ဂတေသည်. . ကောင်းသဖြင့် ကွာမကျသေးဟု ဆိုလိုခြင်း ဖြစ်သည်. .

ဦးပေါ်ဦးကား ပါးနပ်လိမ္မာစွာ လျှောက်ထားတတ်သူ ဖြစ်ပါသည်. . . .မင်းတရားကြီးလည်း ဦးပေါ်ဦး၏ ဆိုလိုရင်းကို သိသဖြင့် ခပ်မဆိတ်ပင် နေတော်မူသည်. . .

ဦးပေါ်ဦး လျှောက်ထုံး ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ဘုရားအပါးနေရတဲ့သူတွေက ဒီလိုအလျှောက်ကောင်းမှပဲ။ မဟုတ်ရင် ဇက်ပေါ်ဓါးဝဲနေမှာ။
    အမတ်ကြီးဦးပေါ်ဦးကတော့ ဖြတ်ထိုးဥာဏ်ကောင်းလွန်းလို့ သူ့လျှောက်ထုံးတွေက ခုခေတ်အထိ ဖတ်ပြီးကို ပြုံးနေရတုန်းပဲ

    ReplyDelete
  2. အလျှောက်ကောင်းတော့ အထောင်းခံရတာ သက်သာတာပေါ့
    ဖြတ်ထိုးဥာဏ်လည်းကောင်းလွန်းလှပါဘိ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။