ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့

သမီးရယ် . .

မြတ်စွာဘုရားကို
ကြည်ညိုသဒ္ဓါ စိတ်နဲ့သာ
ကိုးကွယ် ပူဇော်ပါ . .

ဘာဆု ညာဆုတွေ အများကြီးတောင်းပြီး
အာညောင်းအောင် မပူဆာပါနဲ့ကါယ်. .

ကိုယ့်ကို ကိုယ်သာ ကိုးကွယ်ရာ. . . . လို့
ဗုဒ္ဓမြတ်စွာဘုရား ကို်ယ်တိုင်
ဟောကြားခဲ့ပြီးသားပဲ မဟုတ်လား. .

ပူဇော်နဲ့ ပူဆာကို
သမီးလေး ခွဲခြား နားလည်နိုင်ပါစေ. . .

ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော
ဗုဒ္ဓမြတ်စွာ ဘုရားကိုလည်း
ကြည်ညို လေးစား အားထား ကိုးကွယ်ပြီး
စစ်စစ်မှန်မှန် ပူဇော်တတ်ပါစေလို့
ဖေဖေ ဆုတောင်းပေးပါတယ်. .

ဖေဖေ...

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ကလေးတွေအတွက်ကဗျာလေးပေမဲ့ အားလုံးကအလေးထားရမယ့် ကဗျာကောင်းလေးပါ။

    ReplyDelete
  2. ပူဇော်နဲ့ ပူဆာကို
    သမီးလေး ခွဲခြား နားလည်နိုင်ပါစေ. . .

    အမှန်ပါပဲဗျာ ကလေးတွေသိသင့်တယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။