ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဝတ်လဲတော် မသည့်အချိန်ကို သိချင်သော ဦးပေါ်ဦး

"ပေါ်ဦး"

"ခစားလျက်ရှိကြောင်းပါ ဘုရား "

"ပါဠိ- မေဃ ကနေ မိုးဖြစ်ပုံကို ရှင်းလင်းလျှောက်ထားစမ်းပါဦး ပေါ်ဦးရဲ့ . . . "

"မှန်လှပါ. . . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . သဒ္ဒါဆိုသည်မှာ . . . လူတို့ နေ့စဉ်ပြောဆိုသော အသံပင်ဖြစ်ကြောင်းပါ ဘုရား. . . မေဃမှ မိုးဖြစ်လာပုံမှာလည်း မာဃမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းပါ ဘုရား . . . "

"မေဃဆိုသည်မှာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ်ကြီးလေးပါး အဖွဲ့အစည်းသာ ဖြစ်ပါတယ် . . . . အခိုးအငွေ့များ စုပေါင်းပြီး အမြင့်သို့တက်ရာ ၊ အအေးဓာတ်နှင့် တွေ့ထိပြီး ရေစက် ရေပေါက်များ ဖြစ်ကာ ကျရောက် ခြင်းကို မိုးရွာခြင်း - ဟုခေါ်သည့် အတွက် မာဃမှ မေဃ၊ မေဃမှ မိုး ဖြစ်လာခြင်းပါ ဘုရား . . . "

ဟု ဦးပေါ်ဦးက သွက်လက်စွာပင် လျှောက်ထားသည်. . .

ဘိုးတော်မင်းတရားကြီးသည် ဦးပေါ်ဦးက ချက်ချင်း ဖြေသည်ကို နှစ်လိုတော်မူသည်. . . ဦးပေါ်ဦးကို ကျီစယ် လိုစိတ်လည်း ရှိတော်မူသဖြင့် ဤသို့မိန့်လေသည်. .

"ပညာရှိအမတ်ကြီး ဦးပေါ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို မလျော့ပါးစေချင်တာနဲ့ မေးသမျှ ချက်ချင်းဖြေတော့တာပဲ. . . "

"ဒါနဲ့ . . . တစ်ခုမေးစမ်းပါရစေဦး ပေါ်ဦးရဲ့. . . "

ဦးပေါ်ဦးက ခတ်မဆိတ်ပင် နေသည်. . .

"နာခံလျက်ရှိကြောင်း ပါ ဘုရား. . ."

"ငါကိုယ်တော်မြတ် မေးသမျှ ဖြေနိုင်အောင် မမေးခင်ကတည်းက ကြိုတင်တွေးတော စီစဉ်ထားတာများ ရှိသလား ကွယ့်. . . "

"ဘုန်းတော်ကြီးမြတ်လှသော . .. ဘ၀ရှင်မင်းတရားကြီး ဘုရား. . . လျှောက်ထားခွင့်တစ်ရပ် ပေးသနားတော်မူပါဘုရား. . . "

"လျှောက်ထားစေကွယ့်. . . ပေါ်ဦး. ."

"အရှင်မင်းတရားကြီး. . .. မိဖုရားတို့၏ အနောက်ဆောင် သို့ကြွသွားမည်ဟု ကြံစည်တော်မူကတည်းကပင်. . . ၀တ်လဲတော် ကိုမပါသလား . . သို့တည်းမဟုတ် . . အဆောင်တော်ထဲရောက်မှ . . . မပါသလား ဘုရား . . "

"တန်ပါတော့ ပေါ်ဦးရယ်. . "

ဘိုးတော်မင်းတရားကြီးသည်. . .ပြုံးရွှင်ရယ်မောရင်း မိန့်တော်မူကာ ပေါ်ဦးကို ဆက်လက် မလျှောက်ထားရန် တားမြစ်တော် မူရလေသည်. . .
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

10 comments:

  1. ခရစ္စတလ်January 11, 2012 at 8:37 PM

    ပြုံးမိတယ်း)

    ReplyDelete
  2. အဟီးးးးးးးးးးးး

    ReplyDelete
  3. ပေါ်ဦးကတော့ ဘယ်တော့ဖတ်ဖတ် မရိုးဘူး ပန်းကဗျာရေ။
    စကားမစပ်မတွေ့တာကြာပြီ မေနဲ့ပန်းကဗျာတို့ နေကောင်းကြတယ်ဟုတ်?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ၀င်ဖတ်သွားပါတယ်။

    ReplyDelete
  5. ဖတ်ပြီးပြုံးသွားပါတယ်ရှင်...

    ReplyDelete
  6.ဲပြုံးရုံမျှမက ဖြီးသွားမိပါသည်။

    ReplyDelete
  7. ၀တ်လဲတော်ကို မပါသလားဆိုတာကြီးက အဟီး... တွေးစရာကြီး

    ReplyDelete
  8. ရောက်တယ်ဗျို့။ တခါတခါမှပဲ ပေါ်ဖြစ်တော့တယ်။ ဒါပေမယ့် အမြဲတမ်း ရှိနေနိုင်အောင် ကြိုးစားနေတယ်ဗျို့။

    Zox

    ReplyDelete
  9. ဘယ်လောက်ဖတ်ဖတ်မရိုးဘူးနော်...

    ReplyDelete
  10. ဟုတ်ကဲ့ ဖတ်သွားပါတယ် ခင်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။