ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လက်ထပ်ထိမ်းမြားခြင်း အနုပညာ

အိမ်ထောင်ရေး သာယာပျော်ရွှင်မှုဆိုသည်မှာ အလိုအလျောက်ဖြစ်လသည့် အရာမဟုတ်ပါ. . . အိမ်ထောင်ကောင်း တစ်ခုကို ဖန်တီးယူနိုင်ပါသည်. . အိမ်ထောင်မှုအနုပညာတွင် သေးသေးဖွဲဖွဲအချက်များသည် ကြီးကြီးမားမား အကြောင်းများ ဖြစ်ပါသည်. . .

အိမ်ထောင်ကောင်း တစ်ခုဆိုသည်မှာ.. .
သူ့လက်ကလေးကို ကိုဖို့ ဘယ်သောအခါမှ အသက်မကြီးပါ. . .

တစ်နေ့လျှင် အနည်းဆုံးတစ်ခါလောက်တော့ "မင်းကို ကိုယ်ချစ်တယ် " ဟုပြောဖို့ သတိရနေပါ. .

ဒေါသအမျက်ထွက်လျက် အိပ်ရာမ၀င်ပါနှင့်

သူ့အတွက် အမြဲအဆင်သင့်ဖြစ်နေပါသည်. . . သူ့ကို ပိုးပန်းခြင်းသည် ဟန်းနီးမွန်းနှင့် အတူတူ အဆုံးသတ်မသွားပါ. . . တစ်လျောက်လုံး တစ်သက်လုံး ပိုးပန်းနေပါသည်. .

တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလျက် နှစ်ယောက်သား အတူတကွ လောကကို ရင်ဆိုရပ်တည်ဖို့ တူညီသော ဦးတည်ချက်ရှိပါသည်. . .

မိသားစု တစ်စုလုံးတွင် အချစ်စက်ဝိုင်းဖြင့် စုစည်းဖွဲ့ ချည်ထားသည်. .

တစ်ယောက်အတွက် တစ်ယောက်က လုပ်ဆောင်ပေးရာတွင် တာဝန်တစ်ရပ်၊ စွန့်လွှတ်မှုတစ်ခုအနေဖြင့် သဘောများဘဲ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် လုပ်ဆောင်သည်. .

ချီးကျူးစကား၊ ကျေးဇူးစကားကို သတိတရာ ဂရုတစိုက် ပြောဆိုပြသသည်. . .

ဇနီးကလည်း ခင်ပွန်းသည်အား တန်ခိုးရှင်ဖြစ်လိမ့်မည်ဟု မမျှော်လင့် . . . ခင်ပွန်းသည်ကလည်း ဇနီးဖြစ်သူအား မိုးကျနတ်မယ်ဟု မတင်စား. . . တစ်ဦးက တစ်ဦးထံတွင် ပြည့်စုံမှုကို မရှာဖွေ. . . ပြုပြင် ပြောင်းလဲလွယ်ခြင်း ၊ သည်းခံစိတ်ရှည်ခြင်း၊ နားလည်ခြင်းနှင့် ဟာသဥာဉ်ကို ပြုစု စိုက်ပျိုးသည်. .

ခွင့်လွှတ်နိုင် မေ့ပျောက်နိုင်သော စွမ်းရည်ရှိသည်. . . တစ်ဦးက တစ်ဦးကို ဖွံ့ဖြိုးတိုးတက်နိုင်သော အခြေအနေ ဖန်တီးပေးသည်. . .

နှစ်ဦးသား ဆက်ဆံရေးမှာ လူးဝစ်ကေအန်စပါချာ လမ်းညွန်ချက်အတိုင်း ဖြစ်သည်. . . သူက

"ဇနီးမောင်နှံသည် လွတ်လပ်မှု၌ တန်းတူရည်တူ၊ မှီခိုမှု၌ အပြန်အလှန်၊ တာဝန်ဝတ္တရား၌ အတုံ့အလှယ်" ဟု ဆိုခဲ့သည်. . .

ကိုယ်က လူကောင်းလူမှန်ကို လက်ထပ်ခြင်းသာမက ကိုယ်ကိုယ်တိုင်ကလည်း လူကောင်းလူမှန်ဖြစ်နေခြင်း ဖြစ်သည်. . .

အိမ်ထောင်ရေးကို ကောင်းနိုင်သမျှ အကောင်းဆုံးဖြစ်အောင် စူးစမ်းရှာဖွေသည်. . . မတ်တွိန်း က သူ့ဇနီးကို ဂုဏ်ပြုပြောဆိုသည့် အတိုင်း ပြောရလျှင်. . .

"သူရှိရာ အရပ်မှာ အေဒင် ဥယာဉ်ရှိပါတယ်."

ဦးဝင်းတင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. အိမ်ထောင်ကောင်းတစ်ခုဖြစ်စေဘို့ အိမ်ထောက်ဘက်ခြင်း ယုံကြည်လေးစားမှု ချစ်ခင်နားလည်မှုတို့ဟာ အဓိကသော့ချက်ပဲလို့ ယူဆမိတယ် ပန်းကဗျာရေ။ မျှဝေပေးတာ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. သဒ္ဓါ သီလ စာဂ ပညာ တူညီမျှကြမယ်ဆိုရင် မတ်တွဲန်းပြောသလိုပဲ သူရှိရာအရပ်မှာ ဧဒင်ဥယျာဉ်ရှိနေပြီး အဲဒီဧဒင်ဥယျာဉ်ထဲမှာ ထာဝရပျော်စွာ တွဲလက်တွေ မြဲနေကြမယ်လို့တော့ ထင်မိတယ်လေ..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။