ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြန်မြန်ပြေးခြင်း


တပည်.တွေထဲကပြောကြ
ဆရာ ၊ကျွန်မစာရေးတာနှေးတယ်
ဆရာ ကျွန်တော်စာဖတ်တာ အရမ်းနှေးတယ်
တပည့်များထဲတွင် လေးသူ၊ဖြည်းသူ များရှိပါသည်။
ဖြည်းသူနှေးသူများအတွက်မြန်သူများကိုကြည့်ကာ စိတ်ဓါတ်ကျစရာတွေဖြစ်တတ်သည်။

တကယ်တော့. . . .
ဘ၀သည် မီတာ ၁၀၀ ပြေးပွဲ မဟုတ်ပါ။
ဒီအတွက် သုတ်သီးသုတ်ပြာ( Rush)လုပ်စရာမလိုပါ။
ဘ၀အတွက် မာရသွန်ပြေးပွဲသာဖြစ်သည်။
ရေရှည်ခရီးဖြစ်သည်။
မြန်မြန်သွားနိုင်တာကောင်းပါတယ်။
ခရီးရောက်ပါတယ်။

သို့သော်………………...
လောကမှာ အမြန်မပြေးနိုင်သူအများရှိပါသည်။
မမြန် စိတ်ဓာတ်ကျစရာမလိုပါ။
မှန်ဖို့သာလိုပါသည်။
မိမိဦးတည်သော လားရာ (Direction)မှန်ရပေမည်။
ထိုအခါလိုရာခရီးရောက်မည်သာဖြစ်သည်။
လားရာမှားနေပါက မြန်လေ၊ ပန်းတိုင်နှင့်ဝေးလေ ဖြစ်မည်ကိုသတိပြုပါ။

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ဆရာ့ စကားလေး မှတ်သားသွားပါတယ်..

    ReplyDelete
  2. ဖြေးဖြေးမှန်မှန်နဲ့ ဦးတည်ချက်အတိုင်း လျှောက်နိုင်ဖို့ ကြိုးစားတာ အကောင်းဆုံးပါဘဲ။
    ပန်းတိုင်နဲ့ ဝေးသွားမှာ စိုးမိတယ်

    ReplyDelete
  3. ကဗျာလာဖတ်ပါတယ်။
    *လားရာမှားနေပါက မြန်လေ ပန်းတိုင်နဲ့ဝေးလေ * သဘောကျမိတယ်။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  4. မျှဝေပေးတာကျေးဇူးပါ.. မရောက်တာတောင်ကြာသွားပြီ..း))))

    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။