ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့



သမီးရေ
အောင်မြင်မှုတိုင်း လိုလို
တီထွင် စွန့်စားမှု ရှိတတ်စမြဲပဲ.
အဲ့ဒါ ဖေဖေ့ ကိုယ်တွေ့။

ဖေဖေဟာ စာပေလောကမှာ
သူများ မတွေးတဲ့ အတွေး
သူများမရေးတဲ့ အရေးတွေနဲ့
သူများနဲက မတူတဲ့ လိုင်းလေးတစ်လိုင်းကို
တီထွင်စွန့်စားပြီး ဖောက်ခဲ့တယ်

အချိန်တိုအတောအတွင်းမှာ
အကျိုးရလဒ်ကတော့
နေရာလေး တစ်နေရာ ရခဲ့တာပါပဲ

တကယ်လို့ ဖေဖေသာ မစွန့်စားဘဲ
ဖေဖေရေးချင်တဲ့ ၀တ္တု ၊ ကဗျာ ၊ဆောင်းပါးတွေကို
သမားရိုးကျ ပုံစံအတိုင်းသာ ရေးနေမယ်ဆိုရင်
သူများနောက်မှာ အဝေးကြီး တန်းစီနေရဦးမယ်

ဒီတော့
သမီးလေးက
အောင်မြင်မှုကို လိုချင်တယ်ဆိုရင်
တီထွင် စွန့်စားရမယ် ဆိုတဲ့ အတွေးကို
အရေးထား စဉ်းစားရမယ် ဆိုတာမမေ့နဲ့. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. ချော(အစိမ်းရောင်လွင်ပြင်)March 21, 2011 at 9:52 AM

    တီထွင်စွန့်စားရမယ်တဲ့
    သဘောကျလိုက်တာ.. သူများနဲ့တူနေရင် သူများနောက်မှာ ကျန်နေမယ်
    သူများနဲ့မတူအောင် ဖောက်ထွက်နိုင်မှ သူများရှေ့ရောက်မယ်..
    ကျေးဇူးပါ ဆရာကောင်းသန့် နဲ့ ညီမလေးမေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။