ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပဉ္စ၀ဂ္ဂီ ငါးဦးတိုအား ဓမ္မစကြာတရား ဟောတော်မူနေပုံ



ဘုရားအလောင်း ဖွားမြင်စ၌ ရုပ်လက္ခဏာ ကြည့်ရှုရသော ပုဏား ရှစ်ယောက်တို့တွင် ၅ ယောက်သော ပုဏား တို့သည် မုချ ဘုရားဖြစ်လိမ့်မည်ဟု ယုံကြည်သောကြောင့် ရသေ့ ရဟုန်းပြုနှင့်ကြ၍ ဘုရားအလောင်း တောထွက်သောအခါ ရေပူရေချမ်း ကမ်းလှမ်းပြုစု နေကြလေသည်. . . ထို့နောက် ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်ရ၍ ဘုရားဖြစ်တော့မည် မထင်သောကြာင့် ဘုရားအလောင်းထံမှ ခွဲခွာ၍ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်. .

ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ရှုစားတော်မူသောအခါ ထိုရသေ့ ငါးဦး၏ ရင့်သန်သောဥာဏ် ကို မြင်တော်မူရကား ဗောဓိပင်မှ တစ်ဆယ့်ယူဇနာ ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော်သို့ ကြွတော်မူပြီးလျှင် ၀ါဆိုလပြည့်နေ့ နေမ၀င်မီ အချိန်တွင် ထိုပဉ္စ၀ဂ္ဂီ ရသေ့ငါးဦးအား ဓမ္မစကြာ တရားဦးကို ဟောတော်မူလေရာ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတပန်တည်လေသည်. . .

The Buddha Preaching The Sermon "The Wheel of Law" To The "Band of Five Disciples"

Soon after the birth of the Future Buddha, eight Brahmin fortune-tellers, observed the marks and characteristics of the Future Buddha's person. Five of these Brahmins interpreted that prince Siddhattha would unquestionably become a Buddha and with that belief, had already become ascetics. When Siddhattha retired from the world, they attended to his presonal needs. Then seeing that the Future Buddha had given up extreme ascetisism and gone back to the usual way of talking ordinary material food, they doubted if he would ever become a Buddha, and deserted him. Then they went and lived in the Deer Park at Isipatana near Benares.

The Blessed One, having attained the Supreme Wisdom, began hi life as the Great Teacher. He first thought of the persons whon he should first aid with his teaching , and saw that these five ascetics had developed mature intellect. He therefore went to the Deer Park at Isipatana near Benares, 18 youjanas( 1 yojana=about 8 miles) away from the Bodhi tree anbd preached his first sermon to thi "Band of Five Disciples" before sunset on the full moon day of Wazo( June-July). Kondanna was established in the first noble stage of the Aryan Path, along with eighteen crores of higher and lower gods.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

]

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။