ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချစ်ခြင်း၏ လျှို့ဝှက်ချက်များ


Here is love's secret
To receive it in abundance
It must first be given in abundance,
with no thought or desire for its return.

ချစ်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ဒါမျိုး
များများစားစား လက်ခံရယူဖို့
ပြန်လည်တုံ့ပြန်မှုအတွက်
အတွေးဆန္ဒ လုံးဝမရှိတဲ့
(ပေးဆက်မှုတွေကို)
အရင်ဆုံး အများအပြား ပေးအပ်ရမယ်.

ချစ်ခြင်းလျှို့ဝှက်ချက်ဆိုတာ
ကိုယ့်အတွက် ရလိုမှုမဟုတ်ပါ
များများရချင် များများပေး
တုံ့ပြန်ရယူလိုတဲ့ အတွေးဆန္ဒနဲ့
ဝေးနိုင်သမျှ ဝေးပါစေ

The secret of love firs,
adjustment then, contentment
finally, enjoyment.

ချစ်ခြင်းရဲ့လျှို့ဝှက်ချက်ကတော့
ပထမ- ညှိနှိုင်းယူတတ်မှု
နောက်- ကျေနပ် ရောင့်ရဲမှု
နောက်ဆုံးမှာတော့ - ပျော်ရွှင်မှုတို့ပါပဲ

ချစ်ခြင်းလျှို့ဝှက်ချက်
သိပ်မခက်ဘူးနော်
ညှိနှိုင်းကျေနပ်
ပျော်ရွှင်တတ်မယ်ဆိုရင်
ရလဒ်ကောင်းတွေရမှာပေါ့.

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. မှတ်သွားပါတယ်။
    လင့်တွေမချိတ်ထားလို့ မရောက်ဖြစ်ဘူးကွယ်...
    ခုတော့ ပြန်ချိတ်ပြီး ရောက်လာတယ်။

    ReplyDelete
  2. လျှို့ဝှက်ချက်တွေက သိထားတော့လည်း အသုံးဝင်တာပေါ့လေ..
    လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ လိုတယ်.. ကြိုးစားရတာပေါ့

    ReplyDelete
  3. လျှိုဝှက်ချက်ကိုတိတ်တိတ်လေး
    ယူသွားတယ်နော်...
    လာဖတ်သွားတယ်ပထမကြိမ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။