ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နောက်တစ်ခါကြုံ၇င် လက်မနှေးနဲ့



အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ၀ံပုလွေတစ်ကောင်ဟာ တွေ့သွားပါရော. . . ဒါကြောင့် သူ့ကို စားတော့မှာ ဖြစ်တယ်. . ဒါပေမယ့် ခွေးက သူ့ကို အခု မစားချင်ပါနဲ့ လို့ ဆိုတယ်. .

အခုစားနေရင် ကျွန်တော်ဟာ ပိန်ပိန်သေးသေးပဲ ဖြစ်နေမယ်. . ဒါပေမယ့် ခင်ဗျား ခဏကလေး စောင့်မယ်ဆိုရင် ကျွန်တော့ရဲ့ သခင်အိမ်မျာ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်မှာမို့ ကျွန်တော့အဖို့စားစရာတွေ အများကြီး စားရလိမ့်မယ်. . ကျွန်တော်ဝဖြိုးလာမယ်. . . ဒီအချိန်မှာ စားရင် ခင်ဗျားဟာ ကျွန်တော့်ရဲက အသားကို များများ စားရမှာပေါ့. .

ဝံပုလွေက ဒါကိုလက်ခံမိတယ် . . . သူ့အစာကို နောက်မှပဲ စားတော့မယ်ဆိုပြီး ထွက်သွားပါတယ်. . .

ရက်အနည်းငယ်ကြာတဲ့အခါ. . .သူရောက်လာတယ်. . .

ခွေးဟာ အိမ်ခေါင်မိုးပေါ်မှာ အိပ်နေတာကြောင့် ၀ံပုလွေက " ပြောဆိုထားတဲ့ ကတိအတိုင်း အောက်ကို ဆင်းခဲ့ပါ . . ."လို့ လှမ်းခေါ်လိုက်တယ်. .

ဒါကိုခွေးက "နောက်တစ်ခါ ကျွန်တော်မြေကြီးပေါ်မှာ အိပ်နေတာ တွေ့ရင် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်တဲ့ အချိန်ထိ စောင့်မနေပါနဲ့ . . " လို့ပြန်ပြောလိုက်တယ်. .

(အသက်ဘေး အန္တရယ်က လွတ်မြောက်ခဲ့သူဟာ သူ့ဘ၀မှာ အလားတူ အန္တရယ်မျိုး ကြုံတွေ့တဲ့အခါ သတိပြုတတ်နေပြီ)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ကိုကိုမောင်(ပန်းရနံ့)March 5, 2011 at 6:59 PM

    နောက်တစ်ခါဆို လက်နှေးတော့ဘူးးးး

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  2. ဘာပဲလုပ်လုပ်စဉ်းစားဆင်ခြင်ဆုံးဖြတ်ပြီး
    လုပ်ဆောင်သင့်တယ်

    ReplyDelete
  3. ပုံပြင်လို့ပဲမှတ်သွားပါတယ်၊ ဝံပုလွေတွေ စည်းမစောင့်ကြတော့တာဒါကြောင့်ကိုး၊

    ReplyDelete
  4. အင်း .. ဒီလိုကြောင့် ဝံပုလွေတွေ အပါးနပ်သွားတာကိုး.

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။