ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လမ်းဘေးက ပန်းကလေးများ



လမ်းဘေးက ပန်းကလေးများ

လမ်းဘေးက အခြေမတင့်တာမို့
ပန်းကလေးတွေ အနေမ၀င့်ရတော့ပြီလား
တွေးချင့်မိခဲ့ပါသည်. . . ။

သခင်ပျိုးတာမို့
သင့်နိုးချိန်ခါတန်တော့
ပွင့်လန်းရန် ရေချိုဖြန်းမယ်လို့
မှန်းမျှော်ခဲ့ရသည်။

သြော်. . သခင့်အပါးမှာတဲ့
ချစ်စကား တာတီတီနဲ့
ညာပလီ ဗျာသီချွဲတတ်လေတဲ့
အကဲပိုဆောင် မာလာကလေးတွေမှ
ရွဲစိုအောင် သာသာထွေးမယ်လို့
အတွေးသည်နှယ် မြင်သမို့
ပန်းသခင် မေတ္တာမိုးရယ်က
စွေဖြိုးက ဖြိုင်ဖြိုင်ရွာတော့
မပြိုင်သာ ကြမ္မာငြိုးရုံပေါ့
ချစ်မိုးမဲ့ နွေရာသီ
တာရှည်လို့ အပူငွေ့မလောင်း။

လမ်းနဘေးမှာမို့
ပန်းကလေးတွေ ရင်ဖိုမောပါဘိ
ဝေးသော အလှမ်းတစ်နေရာမှာ နေညိုမလှင့်မီ၌
မွေးသော ပန်းကလေးတွေခမျာ ရေချိုလင့်လျက်ပါပဲ
တွေးချင့်ကာ စာနာလို့
ညှာတာပါ ခွင့်တောင်းချင်ရဲ့
(တကယ်တော့ သခင်ရယ်)
သဇင်ပန်းလည်း ပန်း နှင်းလဲပန်း စံပယ်လဲပန်း၊ ဇွန်လဲပန်း ပိတောက်လဲပန်း ငုလဲပန်း

ပန်းချင်းအတူတူမို့
ဘယ်မူဘယ်သူ မငြိုးလိုက်ပါနဲ့
အရွယ်တူ ငယ်မူမညှိုးမီ၌
ဖြိုးသွန်ပါ မိုးလွန် မနှောင်းစေဖို့
တောင်းပန်မိကြောင်း။ ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. လမ်းဘေးက ပန်းဘဲဖြစ်ဖြစ် ပြင်မြင့်သဇင်ဘဲဖြစ်ဖြစ် လောကကြီးကို အလှဆင်နေကြတာမို့ အဆင်းကိုယ်စီရှိနေကြပါတယ်..
    ပန်းတွေအားလုံး သူ့အလှနဲ့ သူပါနော်..

    ReplyDelete
  2. အရာတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးရှိကြပါတယ်... လမ်းဘေးကပန်းလေးပဲဖြစ်ဖြစ်... ဘယ်က ပန်းလေးပဲဖြစ်ဖြစ်.. ကျွန်တော်တော့ မြင်လိုက်တာနဲ့ စိတ်ထဲကို အေးချမ်းသွားတယ်...း)))

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. အားလုံးက တူတူပါပဲလေ..
    ကဗျာလေး မျှဝေပေးတာ
    ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  4. ပန်းဟာ ပန်းပါ :)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။