ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသက်ကို ဥာဏ်စောင့်



သက်ရှည်ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးကို ဖတ်မိလို့ စာဖတ်သူများကို ပြန်လည်မျှဝေပေးလိုက် ပါရစေ ရှင်. . .

  • ဖုန်းပြောရင် ဘယ်ဘက်နားကို သုံးပါ
  • ကော်ဖီဆို တစ်နေ့ တစ်ခွက်သာသောက်ပါ
  • ရေခဲရေနှင့် ဆေးမသောက်ပါနှင့်
  • ညနေ ၅ နာရီကျော်ရင် ထမင်းအများကြီးမစားပါနှင့်
  • ဆီလျှော့စားပါ
  • ရေကို မနက်ပိုင်း ပိုသောက်ပြီး ညနေပိုင်း လျှော့သောက်ပါ.
  • ဟန်းဖုန်း အားသွင်းစက်ကို ခပ်ခွာခွာထားပါ.
  • နားကြပ်ကိုအကြာကြီး မသုံးသင့်ပါ
  • ည၁၀ နာရီမှ မနက် ၆ နာရီသည် အကောင်းဆုံး အိပ်ချိန်
  • အိပ်ရာမ၀င်ခင် ဆေးသောက်ပြီး ချက်ချင်း လှဲမချလိုက်ပါနဲ့
  • ဓာတ်ရောင်ခြည် ပြန့်နှုန်း အဆ ၁၀၀၀ ခန့်ရှိသောကြောင့် ဓာတ်ခဲ အားကုန်သွားသည်အထိ ဟန်းဖုန်းကို မသုံးစွဲသင့်ပါ. .

Myanmar Times

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ဟိုက် !!
    အချက်တော်တော်များများ
    ကျွန်တော်အကုန်လုပ်တယ်ဗျ ...
    ကော်ဖီ ၂ ခွက်လောက်သောက်တယ်
    ဟန်းဖုန်းက ဘေးမှာ အားသွင်းရင်း အိပ်တယ် ..
    အပြင်သွားရင် နားကြပ်အမြဲတပ်တယ် ..
    ဒုက္ခပဲဗျာ ...အသက်ရှည်ဖို့ တော့ ပြင်ရတော့မှာပေါ့ဗျာ ..
    ဒါနဲ့ ဘာကြောင့်
    ဒီလိုမလုပ်ဖို့ ရှောင်ရတယ်ဆိုတာ
    (အကြောင်းပြချက်)လေးပါရင်ပိုကောင်းမယ်နော် ..

    ခင်တဲ့
    အုပ်ကြီး

    ReplyDelete
  2. ဂွတ်တယ်ဗျို့.. လိုက်လုပ်ဦးမယ်...း)))

    ReplyDelete
  3. တစ်ချို့ကိုတော့ လိုက်နာဖြစ်တယ်
    ကော်ဖီကြိုက်ပေမဲ့ တစ်ခွက်ဘဲသောက်တယ်.. ဖုန်းပြောတာလည်း ဘယ်ဘက်နားနဲ့ နားထောင်မှ အားရတယ်ထင်လို့ တော်ပါသေးရဲ့ လို့ပြောရမယ်
    ည ၁၀နာရီတော့ အိပ်ဖြစ်ဘူးး)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။